မနေ့ည ကျောက်မဲမြို့ ပေါ် စစ်‌ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အဆောက်အဦးအများအပြားထိခိုက်ပျက်စီးခဲ့

တအာင်းတပ်-TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က မနေ့ ဇွန်လ ၂၉ ရက် ညပိုင်း ၈ နာရီ ၄၀ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့ရာ အဆောက်အဦးအများအပြားထိခိုက်ပျက်စီးခဲ့ပြီး လူထုထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဖြစ်စဉ်ကို သိရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

PSLF/TNLA ရဲ့ နိုင်ငံရေးသိပ္ပံကျောင်း အပတ်စဉ် ၁ ကျောင်းဆင်းပွဲနဲ့ ဒီပလိုမာဘွဲ့အပ်နှံခြင်းအခမ်းအနား ကျင်းပ

တအာင်းပြည်နယ်လွတ်မြောက်ရေးတပ်ဦး- PSLF/TNLA ဦးဆောင်ဖွင့်လှစ်ထားတဲ့ နိုင်ငံရေးသိပ္ပံကျောင်း- PSS ရဲ့ ကျောင်းဆင်းပွဲနဲ့ ဒီပလိုမာဘွဲ့ အပ်နှံခြင်းအခမ်းအနားကို တအာင်းဒေသတစ်နေရာမှာ ကျင်းပပြီးစီးခဲ့ပါတယ်။

ဗုံးကြဲပြီး နာရီပိုင်းအကြာ ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး ထပ်ကြဲ

တအာင်းတပ် – TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ထဲကို ဒီနေ့ ဇွန်လ ၂၉ရက် နေလည်ခင်း ၂နာရီတုန်းက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ပြီး အခုည ၈နာရီ ၄၀မိနစ်ခန့်မှာလည်း လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

နလန်ပြန်မထူနိုင်သေးတဲ့ မိုးမိတ်မြို့

စစ်ပွဲဒဏ် ၂ ကြိမ်သင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ ၁ နှစ်နီးပါးကြာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ ပြန်မလုပ်နိုင်သေးပါဘူး။

စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ လေကြောင်းနဲ့ တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံး

တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ် လက်ပန်လှကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ပြင်ဦးလွင်ခရိုင်ပကဖက သတင်းထုတ်ပြန်ပါတယ်။

ကျောက်မဲ ဗုံးကြဲတိုက်ခိုက်မှုမှာ ၅ ဦးထက်မနည်း ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး

ရှမ်းမြောက် ကျောက်မဲမြို့ပေါ်က စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ လူ ၅ ထိမှန်ပြီး ဒဏ်ရာရရှိခဲ့သလို ရှမ်းကျောင်းကြီးနဲ့ တောင်ဘက်ရှိ အဆောက်အဦးတွေလည်း အများအပြား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

SSPP နဲ့ စစ်ကောင်စီတပ် ထိန်းချုပ်ရာ ဒေသတွေမှာ ကျားဖြန့်လုပ်ငန်း ဆက်လက် ကြီးထွားနေ

ရှမ်းတောင် မိုင်းရှူး၊ ဝမ်ဟိုင်း၊ ဟိုက်ပုနဲ့ ရှမ်းမြောက် မိုင်းရယ်မြို့နယ်ထဲက မိုင်းဟဒေသနဲ့ တန်းယန့်မြို့နယ်တွေမှာ ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း)တွေ ဆက်လက်ကြီးထွားနေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်

တအာင်းတပ်- TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ဒီကနေ့ နေ့လည် ၂ နာရီခွဲမှာ ဂျက်ဖိုက်တာနဲ့ ဗုံးတစ်လုံး ကြဲချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းကွန်းနယ်တခုလုံးကို စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေ၊ ဘုန်းကြီးကျောင်းတွေပါ ဝင်စီးနေတာကြောင့် သံဃာတော်တွေပါ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း မင်းကွန်းဒေသအတွင်းမှာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသတခုလုံးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့နယ် ကုဋေကျေးရွာလုပ်ကွက်ဟောင်းမှာ အမျိုးသားတစ်ဦး မြေစာပုံ ပိမိရာကနေ ရေကန်ထဲပြုတ်ကျပြီး ရေနစ်သေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကုဋေကျေးရွာက လုပ်ကွက်ဟောင်းမှာ အမျိုးသားတစ်ဦး မြေစာပုံပိမိရာကနေ ရေကန်ထဲပြုတ်ကျပြီး ရေနစ်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။