လယ်ဒိုမြို့နယ် ဟင်္သာဝဲကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၃ ဦးအပါအ၀င် အရပ်သား ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၉ လုံး ပျက်စီး
ကရင်ပြည်နယ် ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ် ဟင်္သာဝဲကျေးရွာကို စစ်ကောင်စီမှ လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ဒီနေ့ ဇွန် ၃၀ မှာ ထုတ်ပြန်ထားပါတယ်။
စစ်မှုထမ်း မဲပေါက်သူတွေကို တောင်ကြီးရှိ အုပ်ကြီး ၁ ဦးက သိန်းတစ်ရာတောင်းလို့ နေပြည်တော်ထိ တိုင်ကြားခံရ
ရှမ်းပြည်ရဲ့ မြို့တော် တောင်ကြီးမြို့မှာ ဇွန်လအတွင်း စစ်မှုထမ်း မဲပေါက်တဲ့ လူငယ်တွေကို သိန်းတစ်ရာကျပ် တောင်းခံတဲ့ အုပ်ချုပ်ရေးမှူးဟာ နေပြည်တော်ရှိ ဗဟိုပြည်သူ့စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ အထိ တိုင်ကြားခံရတယ်လို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။
နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး အသုံးပြုပြီး ကြဲချတိုက်ခိုက်၊ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ပါ ပစ်ခတ်
တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ပါ ပစ်ခတ်နေတယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။