ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က သေဆုံးမှုများပြီး စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိ

မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဥ်တန်း တိုက်ခိုက်ခံရခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုများကာ စစ်သုံ့ပန်း ၄ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ Zreo ပျောက်ကြားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ရွှေဖီမြေကို ပြောပါတယ်။

နောင်ချိုတိုက်ပွဲကြောင့် နောင်ပိန်မှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် ၁၈၀၀ နီးပါး စားနပ်ရိက္ခာ အကူအညီတွေလိုအပ်နေ

တအာင်းတပ်မတော်-TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုမြို့မှာ တအာင်းတပ်မတော်-TNLAနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ လာခိုလှုံတဲ့ စစ်ဘေးရှောင် လူဦးရေ ၁၇၆၀ ဦးအထိရှိလာခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီက သိရှိရပါတယ်။

လောက်ကိုင်မှာ ရေသိုလှောင်ကန် ပျိုကျပြီး ရေကြီးရေလျှံမှုဖြစ်ပွား၊ ၃ ဦး ရေနစ် သေဆုံး

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့နယ် ဆီအောကျေးရွာအထက်မှာရှိတဲ့ ရေသိုလှောင်ကန်ပျိုကျပြီး ရေကြီးရေလျှံဖြစ်ပွားကာ ရွာခံ ၃ ဦး ရေနစ်သေဆုံးသွားခဲ့တယ်လို့ ကိုးကန့်တပ်က ထုတ်ပြန်ပါတယ်။

မယ်ဆိုင်ချောင်းရေတက်လာပြီးနောက် တာချီလိတ်မြို့တွင်း ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေ

ရှမ်းအရှေ့ တာချီလိတ်မြို့မှာ မယ်ဆိုင်ချောင်းရေတက်လာပြီးနောက် မြို့တွင်းထဲက ​ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပေါ်နေတယ်လို့ တာချီလိတ်သတင်းတွေကို ဖော်ပြနေတဲ့ ရှမ်းအရှေ့သတင်းမဏ္ဍိုင်မှာ ဖော်ပြထားပါတယ်။

လားရှိုးမြို့ ခလရ ၄၁ ဂိတ်မှာ စစ်တပ်က လက်နက်ကြီး ၈ ခုထက်မနည်း တပ်ဆင်ထားပြီဖြစ်၊ မြို့တွင်း အင်အား ထောင်နဲ့ချီလည်း စုစည်းထားပြီဖြစ်

ရှမ်းမြောက် လားရှိုးမြို့-သီပေါအထွက် ရန်တိုင်းအောင်ဘုရားအနီးရှိ စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း (ခလရ ၄၁) ဂိတ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၈ ခုထက်မနည်း တပ်ဆင်ထားတာ တွေ့ရှိရတယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို နာဂလက်နက်ကိုင်အဖွဲ့က ဆက်ကြေး ကောက်ခံနေ

မြန်မာ-အိန္ဒိယနယ်စပ် မဏိပူရ်ပြည်နယ်၊ ကမ်ဂျွန်ခရိုင်ရှိ ကျေးရွာတွေမှာ ခိုလှုံနေတဲ့ မြန်မာစစ်ဘေးရှောင်တွေကို နာဂလက်နက်ကိုင်တပ်ဖွဲ့က ဆပ်ကြေး ကောက်ခံနေတယ်လို့ စစ်ဘေးရှောင်အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖားကန့်မှာ လက်နက်ကြီးကျလို့ ဒေသခံ နှစ်ဦး သေဆုံး ၁၂ ဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ရတနာမြေစာပုံ(အမှိုက်ပုံ)ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဦး သေဆုံးခဲ့ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်သိရသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး၊ ၁၇ ဦးထက်မနည်း ဒဏ်ရာရ

မန္တလေးတိုင်း မတ္တရာမြို့နယ် ဝေါရွာစစ်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပါ လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် ၂ ဦးသေဆုံးပြီး ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ မန္တလေး PDF က ထုတ်ပြန်ထားပါတယ်။

ပဲခူးမြစ်ရေလျှံတက်မှုကြောင့် ပဲခူးမြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်

ပဲခူးမြစ်ရေလျှံတက်လာမှုကြောင့် ပဲခူးမြို့ပေါ်က အနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေကြီးနစ်မြုပ်မှုတွေရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ၄ မိုင်အကွာ ကျောက်ကြမ်းကျေးရွာအနီးအထိရောက်လာ

မန္တလေးတိုင်း ပြင်ဦးလွင်ကနေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နောင်ချိုမြို့အနီး ၄ မိုင်အကွာ ကျောက်ကြမ်းကျေးရွာအနီးအထိရောက်လာတယ်လို့ ရှေ့တန်းစစ်မြေပြင်မှာ ရှိနေသူတွေက ရွှေဖီမြေကို ပြောပါတယ်။