မူဆယ်မြို့မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်ပြိုပြီး နေအိမ် ထိခိုက်ပျက်စီးမှုရှိ
ရှမ်းမြောက် မူဆယ်မြို့မှာရှိတဲ့ တော်ရွက်ရပ်ကွက်မှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မနေ့ ဇူလိုင်လ ၉ ရက် မနက် ၆ နာရီဝန်းကျင်မှာ တောင်ပြိုမှုဖြစ်ပွားပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။