Junta Launches Four Airstrikes on Hsipaw in Two Weeks
The junta’s military has now launched four airstrikes on Hsipaw, a township controlled by the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA), by conducting another air attack on the northern Shan State town, according to the residents.
ရဲစခန်း ဝင်ရောက် ပစ်ခတ်မှုအတွင်း ကျည် မလုံလောက်တာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ရ၊ တော်လှန်ရေးတပ်ဖွဲ့ဝင် ၂ ဦး ကျဆုံး
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရွာ ရဲစခန်းကို အညာမြေ တပ်ပေါင်းစုနဲ့ မဟာမိတ် တပ်ပေါင်းစုတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ တော်လှန်ရေး တပ်ဖွဲ့ဝင် ၂ ဦး ကျဆုံးပြီး တစ်ဦးက မစိုးရိမ်ရတဲ့ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်ဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်ထဲက စစ်တပ်စခန်း ၃ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ စစ်တပ်ဘက်က ၁၅ ဦး သေဆုံးပြီး ဗိုလ်ကြီးအပါအဝင် ၁၆ ဦး ဖမ်းဆီးရမိ
မန္တလေးတိုင်း ပုသိမ်ကြီးနဲ့ မတ္တရာမြို့နယ်မှာ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို မန္တလေး PDF နဲ့ ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂၁ ရက်မှာ သတင်းထုန်ပြန်လာပါတယ်။
မန်တုံ ဟိုတုံရွာက အမျိုးသမီးငယ် ၃ ဦး ပျောက်ဆုံးနေလို့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေ၊ မန္တလေးကနေ ပြန်လာတဲ့ လော့ခွမ်ရွာခံ အမျိုးသမီးလည်း ပျောက်ဆုံးနေ
တအာင်းဒေသ မန်တုံမြို့နယ် ကျယ်ဂေါင်ကျေးရွာအုပ်စု ဟိုတုံရွာက အမျိုးသမီးငယ် ၃ ဦး ပျောက်ဆုံးနေလို့ လူကုန်ကူးခံရမှာကို မိသားစုဝင်က စိုးရိမ်နေသလို မန္တလေးကနေ ပြန်လာတဲ့ ကွတ်ခိုင်မြို့နယ် လော့ခွမ်ရွာခံ အမျိုးသမီးလည်း ပျောက်ဆုံးနေပါတယ်။
ဖားကန့်မှာ မြေစာပုံ ပြိုကျလို့ ရေမဆေးကျောက် ရှာနေသူ ၂၀ ဦးထက်မနည်း သေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာအနီးရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ မြေစာပုံ ပြိုကျခဲ့ရာ ရေမဆေးကျောက် ရှာဖွေနေသူ ၂၀ ဦးထက်မနည်း မြေစာပြိုကျမှုနဲ့အတူ ပါသွားခဲ့ကြောင်း အနီးအနားမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။