နောင်ချိုကို သိမ်းပြီးနောက် TNLA၊ DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၆၀ ဦး အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်
ရှမ်းမြောက် နောင်ချိုမြို့ကို စစ်ကောင်စီ ပြန်ထိန်းချုပ်ပြီးနောက် တအာင်းမတော်- TNLA၊ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA နဲ့ မန္တလေး PDF တပ်ဖွဲ့ဝင် ၆၀ ဦး အလင်း ဝင်လာကြောင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် မီဒီယာတွေမှာ မနေ့ ဇူလိုင် ၂၂ ရက် ညပိုင်းက ထုတ်ပြန်လာပါတယ်။