ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ TNLA ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ၁ ပတ်ထိ ပိတ်ပင်ထားမယ်
မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးသွားတဲ့ လမ်းတံတားတွေကို ပြန်လည်ပြုပြင်ဖို့ တအာင်းတပ်မတော် – PSLF-TNLA ထိန်းချုပ်ထားတဲ့ လမ်းပိုင်းတချို့ ဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ပင်ထားမယ်လို့ PSLF/TNLA ရဲ့ မိုးကုတ်ခရိုင်အုပ်ချုပ်ရေးရုံးက ထုတ်ပြန်ပါတယ်။