မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်က စခန်းတချို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီထံ လက်နက်ခဲယမ်းအချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ MDY PDF ပြော
စစ်ကောင်စီတပ် ဗုံးကြဲနေတဲ့ကြားကနေ မန္တလေးတိုင်း မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနဲ့ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ကို ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံသိမ်းဆည်းမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF က ထုတ်ပြန်ထားပါတယ်။