အမေရိကန်က အခွန်တိုးကောက်တာကို အသိအမှတ်ပြုတယ်လို့ ယူဆပြီး ပြည်သူတွေ နစ်နာမယ့်အရေးကို စစ်ကောင်စီဂုဏ်ယူနေ
ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အသိအမှတ်ပြုမခံရတဲ့ စစ်ကောင်စီက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မြန်မာပို့ကုန် အခွန် ၄၀ ရာခိုင်နှုန်း ကောက်မယ့်အစီအစဉ်ဟာ နိုင်ငံအတွက် ကောင်းကျိုးမရှိတဲ့အပြင် ပြည်သူတွေ နစ်နာပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းကိုထောက်ခံတဲ့ လောဘီချန်နယ်တွေက အမေရိကန်က အသိအမှတ်ပြုပြီလို့ဆိုပြီး ဂုဏ်ယူနေကြပါတယ်။