ပြင်ဦးလွင်ထဲ ဝင်လာသူတချို့ ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင် ပေးထားခဲ့ရ၊ မပေးရင် ငွေ ၃ သောင်းပေးဖို့ စစ်ကောင်စီတပ်ပြော
မန္တလေးတိုင်း ပြင်ဦးလွင်မြို့ထဲ ဝင်လာတဲ့ လူထုတချို့ကို စစ်ကောင်စီတပ်က ပြင်ဦးလွင်နဲ့ မန္တလေးကြားက ဇီးပင်ကြီးဂိတ်မှာ မှတ်ပုံတင် ထားခိုင်းပြီး မထားရင် ငွေကျပ် ၃ သောင်း ပေးဆောင်ခိုင်းတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အမျိုးသမီးရဲ့ ပြောပြချက်အရ သိရပါတယ်။