မြင်းမှုမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၂ နှစ်အရွယ်ကလေး ၁ ဦးအပါအဝင် ၉ဦး သေဆုံး

စစ်ကိုင်းတိုင်း မြင်းမှုမြို့နယ် ရွှေကျောင်းကန်ရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၂ နှစ်အရွယ် ကလေး ၁ ဦးအပါအဝင် ၉ ဦးသေဆုံးခဲ့တယ်လို့ မြင်းမူမြို့နယ် မီးဘေးလုံခြုံရေး တာ၀န်ခံက ရွှေဖီမြေကို ပြောပြပါတယ်။

လဲချားနယ်ထဲက နောင်လုံကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

ရှမ်းတောင် လဲချားမြို့နယ် နောင်လုံကျေးရွာအနီးမှာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၂၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက မနေ့ ဖေဖော်ဝါရီ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

မဟာမိတ်အချင်းချင်းကြားဖြစ်တဲ့ ပြဿနာကနေ လူမျိုးရေးပဋိပက္ခအသွင်မဆောင်ဖို့ TNLA နဲ့ MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက် တောင်းဆို

ညီနောင်မဟာမိတ်တွေ ဖြစ်ကြတဲ့ တအာင်းတပ် TNLA နဲ့ ကိုးကန့်တပ်-MNDAAတို့အကြား ဖြစ်ပွားနေတဲ့ ပြဿနာကနေ လူမျိုးရေးအသွင်မဆောင်စေဖို့ TNLA နဲ့ MNDAA ကို တအာင်းအရပ်ဖက်အဖွဲ့အစည်းများကွန်ရက်(TCSO)က ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

ဖားကန့်မှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ယူမာကျေးရွာ လမ်းမကြီးပေါ်မှာ အမျိုးသားနှစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးနေတယ်လို့ ဒေသခံတွေစီက သိရပါတယ်။

လားရှိုးမြို့နယ်ထဲက အမျိုးသမီးတစ်ဦး တရုတ်ယွမ် ၈ သောင်းနဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးနေ

ရှမ်းမြောက် လားရှိုးမြို့နယ် နမ့်လန်ကျေးရွာက အသက် ၁၈ နှစ်အရွယ်ရှိတဲ့ မဥက္ကာမွန်ဆိုသူ အမျိုးသမီးတစ်ဦးဟာ တရုတ်ပြည်မှာ ယွမ် ၈ သောင်း (ငွေကျပ် သိန်း ၄၀၀ ကျော်)နဲ့ လူကုန်ကူးခံရပြီး ပျောက်ဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေဆီက ‌သိရပါတယ်။

မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို စစ်ကောင်စီတပ်က စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူသေဆုံး

စစ်ကိုင်းတိုင်း မုံရွာမြို့မှာ လမ်းမှားဝင်လာတဲ့ ခရီးသည်ယာဉ်ကို သာစည်ထောင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ဆေးမှုမလုပ်ဘဲ ပစ်ခတ်လိုက်လို့ ယာဉ်မောင်းဖြစ်သူ သေဆုံးခဲ့ရတယ်လို့ မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

မိုးမောက်နဲ့ ဟုမ္မလင်းမြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၇ ဦးထက်မနည်း သေဆုံး

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နဲ့ စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်‌တွေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား၇ ဦးထက်မနည်း သေဆုံးတာတွေရှိခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူအမျိုးသားတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။

အပတ်စဉ် ၂ တအာင်းဥပဒေအကယ်ဒမီ ကျောင်းဆင်းပွဲ

တအာင်းဥပဒေ အကယ်ဒမီကျောင်း- Ta’ang Law Academy ရဲ့ အပတ်စဉ် ၂ ကျောင်းဆင်းပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၂၂ ရက် တအာင်းဒေသတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

MNDAA နဲ့ TNLA ရဲ့ စစ်ရေးတင်းမာမှုကြား လူမျိုးရေး ပဋိပက္ခအသွင်မဆောင်ဖို့လို

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ်က စတင်ခဲ့တဲ့ တအာင်းတပ်နဲ့ ကိုးကန့်တပ်- MNDAA အကြား စစ်ရေးတင်းမာမှုဟာ တစ်ပတ်ကျော်ကြာတဲ့အထိ ပြေလည်မှုမရသေးပါဘူး။

နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာ မီးဖိုကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီလောင်ပျက်စီး၊ ခြောက်သွေ့ရာသီရောက်လာတာကြောင့် မီးသတ်ထားရန် လိုအပ်

တအာင်းတပ်-PSLF/TNLA ထိန်းချုပ်ထားတဲ့နမ့်ခမ်းမြို့နယ် မန်ပူးရွာမှာ မီးဖိုကနေတစ်ဆင့် မီးလောင်မှုဖြစ်ပြီး နေအိမ် ၂ လုံးမီလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။