ဘီးလင်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ၃ ဦး သေဆုံးပြီး ၂ နှစ်အရွယ် ကလေးအပါအဝင် ၂ ဦးဒဏ်ရာရ

မွန်ပြည်နယ် ဘီးလင်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ – ၃) မှ ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် အလူးကြီးကျေးရွာက ရွာခံအမျိုးသား ၃ ဦး သေဆုံးတယ်လို့ သိရပါတယ်။

မော်လူးက NUG စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်၊ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မော်လူးဒေသက အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကျောင်းသူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဘော်တွင်းမှာ အရက်မူးတဲ့ အမျိုးသားတစ်ဦးက ရေချောင်းထဲ ပြုတ်ကျပြီး သေဆုံး

တအာင်းတပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာက ရတနာမြေရပ်ကွက်​က အမျိုးသားတစ်ဦး အရက်မူးပြီး ရေချောင်းထဲ ပြုတ်ကျသေဆုံးသွားခဲ့တယ်လို့ ဖြစ်စဥ်သိရှိသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီပဲယင်းက စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်း ဗုံးကြဲခံရလို့ စစ်ရှောင် ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က စစ်ရှောင်တွေ နေထိုင်တဲ့ စာသင်ကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သီပေါတံတားကနေ ၉ မိုင်လမ်းခွဲအထိ ကိုးကန့်တပ် ပြန်ဆုတ်၊ လားရှိုးအနီး မယ်ဟန်ရွာမှာရှိတဲ့ ဂိတ်ကိုလည်း MNDAA ဖယ်ရှား

စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ် MNDAA အကြား အပြန်အလှန်ပိတ်ထားခဲ့တဲ့ ရှမ်းမြောက် လားရှိုး- သီပေါမြို့ကို ဆက်သွယ်ထားတဲ့ သီပေါတံတားကနေ ကိုးကန့်တပ်တွေ ဆုတ်ခွာသွားပြီလို့ သိရပါတယ်။

ကြို့ပင်ကောက်မှာ လေကြောင်းဗုံးကြဲခံရလို့ အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နှစ်သစ်ကူးအကြိုနေ့မှာ စစ်ကောင်စီတပ်က မြိုင်နဲ့ သံတွဲမြို့တွေကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရ

နှစ်သစ်ကူးကြိုမဲ့‌နေ့မှာ စစ်ကောင်စီတပ်က မကွေးတိုင်း မြိုင်မြို့နယ်နဲ့ ရခိုင်ပြည်နယ် သံတွဲမြို့နယ်တို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သား ၂ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

လားရှိုးမြို့ပြင် မယ်ဟန်ရွာက ကိုးကန့်တပ်တွေ တပ်ပြန်ဆုတ်နေ

ဒီနေ့ မနက် ဇန်နဝါရီ ၁ ရက်မနက်ပိုင်းစပြီး ရှမ်းမြောက် ရှမ်းမြောက် လားရှိုးမြို့ပြင် မယ်ဟန်ရွာကနေ ကိုးကန့်တပ်မတော်- MNDAA တပ်တွေ တပ်ပြန်ဆုတ်နေတယ်လို့ မယ်ဟန်ရွာမှာရောက်ရှိနေသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

သပိတ်ကျင်း – စဉ့်ကူးလမ်းပိုင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

တော်လှန်ရေးတပ်တွေ ထိန်းချုပ်ခဲ့တဲ့ မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ် လမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်ထိန်းချုပ်လိုက်ကြောင်း မြေပြင်အခြေအနေ သိရှိသူတွေက ရွှေဖီမြေကို ပြောပါတယ်။

တီးတိန်မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆဲဇန်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။