NUG ထိန်းချုပ်ထားတဲ့ တကောင်းမြို့ကို စစ်ကောင်စီတပ် ဆက်လက် ထိုးစစ်ဆင်နေပြီး တော်လှန်ရေးတပ်တွေ နယ်မြေ ဆက်တိုက် လက်လွှတ်နေရ

အမျိုးသား ညီညွတ်ရေးအစိုးရ- NUG ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့ကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ဖို့ ဆက်လက် ထိုးစစ်ဆင်နေပြီး နေရာတချို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မင်းတုန်းမြို့နယ်ထဲ ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲက ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား သေဆုံးသူ ၃၃ ဦးအထိ ရှိလာပြီလို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

အောင်လံမြို့နယ် ဒါးစမ်းရွာကို စစ်‌ကောင်စီတပ် လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျ

မကွေးတိုင်း အောင်လံမြို့နယ် ဒါးစမ်းကျေးရွာ(တဇန်း)ကို စစ်‌ကောင်စီတပ်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ အရပ်သားနေအိမ် ၂၇ လုံး မီးလောင်ပြာကျခဲ့တယ်လို့ အောင်လံလူထုရဲ့ တာဝန်ရှိသူတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

နမ့်ဖတ်ကာမှာ ၈ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာမှာ ကလေးတစ်ဦး ရေနစ်ပြီး သေဆုံးသွားတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ကျောက်မဲမှာ နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပြီး နေအိမ် ပြာကျ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် ကျောက်မဲမြို့မှာ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တပေါင်းလပြည့်နေ့မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရသူ ၇ ထောင်ကျော်နဲ့ တရားစွဲဆိုခံရသူအပြင် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၀၀၀ ကျော်ကို စကစ လွှတ်ငြိမ်းခွင့်ပေး

ဒီနေ့ မတ်လ ၂ ရက်မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်နဲ့ တပေါင်းလပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား ၇,၃၃၇ ဦးနဲ့ တရားစွဲဆိုခံထားရသူအပြင် ထွက်ပြေးတိမ်းရှောင်နေသူ ၁၂,၀၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်လာပါတယ်။

မင်းတုန်းမြို့နယ်ထဲ စစ်ကောင်စီတပ် လေကြောင်းကနေ ဗုံး၊ ရော့ကတ်နဲ့ ကြဲချတိုက်ခိုက်ခဲ့လို့ အရပ်သား ၃၀ သေဆုံး

မကွေးတိုင်း မင်းတုန်းမြို့နယ်ထဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး၊ ရော့ကတ် အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃၀ ဦး သေဆုံးခဲ့တယ်လို့ ‌ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မသန်စွမ်းနှင့် ဖျော်ဖြေရေး ရှုထောင့်

မသန်စွမ်းတွေရဲ့ ဘ၀နေထိုင်မှု၊သွားလာလှုပ်ရှားပုံတွေကို လူကောင်းပကတိတွေက တုပပြီး ဟာသ လုပ်ကြတယ်။ အထူးသဖြင့် ရုပ်ရှင် ဇာတ်၀င်ခန်းတွေ နှင့် သဘင်တွေရဲ့ ပြက်လုံးခွင် တွေမှာ တွေ့ရပါတယ်။ သူတို့ဘ၀တွေကို လူတွေ စာနာငဲ့ညှာဖို့ ဂရုဏာသက်စေမယ့်ဇာတ်အိမ် တင်ပြမှုမျိုး မဟုတ်ဘူး။

လားရှိုးမှာ တစ်ရက်အတွင်း ကား ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေး

စစ်ကောင်စီတပ် ပြန်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့မှာ တစ်ရက်အတွင်း ကား ၂ စီး ခိုးယူခံရပြီး စစ်ကောင်စီဘက်က အရေးယူနိုင်တာ မရှိသေးဘူးလို့ မြို့ခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ရှမ်းလက်နက်ကိုင်တွေက ရှမ်းလူထုကို ထိရောက်တဲ့ ကာကွယ်မှု မပေးနိုင်ဘူးလို့ ရှမ်းလူငယ်တွေ ထောက်ပြ

ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ရှမ်းလူထုတွေရဲ့ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ လူမှုဘဝလုံခြုံရေးကို ကာကွယ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်ပေမဲ့ ရှမ်းလူထုတွေကို ထိရောက်တဲ့ ကာကွယ်ပေးမှု ပေးနိုင်ခြင်း မရှိဘူးလို့ ဒီနေ့ မတ်လ ၁ ရက်မှာ ကျရောက်တဲ့ ရှမ်းလူငယ်နေ့မှာ ထုတ်ပြန်လာပါတယ်။