ဓာတ်ပုံ- SAC

ရွှေဖီမြေ၊ ဩဂုတ် ၂၃ ရက်၊ ရန်ကုန်

ရန်ကုန်တိုင်း ရွှေပြည်သာနဲ့ ကွမ်းခြံကုန်းမြို့နယ်မှာ ရခိုင်ပြည်နယ်နဲ့မလေးရှား ရေပိုင်နက်ဘက် ပို့ဆောင်မယ့် ကျပ် ၂၅၇ ဒသမ ၁၀၅ ဘီလျံတန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းမိတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မူးယစ်တပ်ဖွဲ့က မနေ့ ဩဂုတ် ၂၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်ကနေ ၁၄ ရက်အထိ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ၂၁၈ သိန်း၊ အိုက်စ် ၅,၆၁၄ ဒသမ ၂ ကီလိုနဲ့ ကတ်တမင်း ၁,၈၉၉ ကီလိုနဲ့အတူ မူးယစ်ဆေးဝါး ဂိုဏ်းအဖွဲ့ဝင် ၁၃ ဦးကိုလည်း ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စက်လှေ ၆ စီး၊ မော်တော်ယာဉ် ၁၂ စီး၊ ဂြိုလ်တုဖုန်း ၄ လုံးလည်း ဖမ်းဆီးရမိထားပြီး မူးယစ်ဆေးဝါးနဲ့ပတ်သတ်သူ ၉ ဦးက လွှတ်မြောက်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့ နောက်ကွယ်မှာ အာရက္ခတပ်တော်- AA ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ကိုရေးနဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ- SSPP/SSA ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ စိုင်းစုတို့ ပါဝင်ပတ်သက်နေတယ်လို့လည်း ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

မူးယစ်ဆေးကို ရခိုင်ပြည်နယ်ကနေတဆင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့မလေးရှားရေပိုင်နက်ဘက် ပို့ဆောင်ဖို့ SSPP/SSA ဌာနချုပ် ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာမှာ နေထိုင်တဲ့ SSPP ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ စိုင်းစုက အဓိက စီမံခန့်ခွဲသူဖြစ်ပြီး AA ဗိုလ်မှူးအဆင့်ရှိသူ အကောက်ခွန်မှူး ကိုရေးက ရခိုင်ပြည်နယ် ဖြတ်သန်းခအဖြစ် မူးယစ်ဆေးပြား ၁ သောင်းလျှင် သုံးသိန်းနှုန်းနဲ့ အခွန်ကောက်ခံနေတယ်လို့ ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြထားပါတယ်။

မူးယစ်ဆေးဝါးကနေ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်နဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီး ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးဥပဒေနဲ့ ထပ်မံ အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။