ဓာတ်ပုံ- Local (မိုးကုတ်မှာ NSSAA က ဖမ်းဆီးရမိတဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦး)

မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်၊ မိုးကုတ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ နာမည်နဲ့ ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို ဖမ်းဆီးပြီး တအာင်းတပ်- TNLA ထံ အပ်နှံခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မဟာမိတ်တပ်ရင်း- NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို TNLA က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က မိုးကုတ်မြို့မှာ တော်လှန်ရေးအင်အားစုရဲ့ နာမည်ကို သုံးပြုပြီး ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို NSSAA က ဖမ်းဆီးရမိပြီး TNLA ထံ လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

ငွေ​ လိုက်လိမ်နေသူ ၉ ဦးကို လွှဲပြောင်းပေးခဲ့တဲ့ NSSAA တပ်ဖွဲ့ဝင် ၄ ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ TNLA က ဖမ်းဆီးထားတာဖြစ်ပြီး လက်ရှိအချိန်ထိ တပ်ရင်းနဲ့ အဆက်အသွယ် ပြတ်တောက်နေတယ်လို့ NSSAA ရဲ့ ပြန်ကြားရေးတာဝန်ခံက ရွှေဖီမြေကို ပြောပါတယ်။

“TNLA က ဖမ်းထားပြီးတော့မှ ဖုန်းတွေရော သိမ်းထားတယ်။ အချုပ်ကားမှာ ထိန်းသိမ်းထားတယ်လို့ သိရတယ်။ ဖမ်းဆီးခံရတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒီဇင်ဘာ ၃၀ ရက်အထိပဲ နောက်ဆုံး အဆက်အသွယ် ရတယ်။ ဘာပြစ်မှုနဲ့ ဖမ်းဆီးထားတာလဲ မသိရဘူး”

လက်ရှိမှာ NSSAA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို TNLA ရဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ၎င်းတို့ ၄ ဦးကို ဘာပြစ်မှုနဲ့ စွဲချက် တင်ထားလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြပေးစေချင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

NSSAA ရဲ့ တပ်ဖွဲ့ဝင် ၄ ဦးကို TNLA ရဲ့ရဲတပ်ဖွဲ့က ဖမ်းဆီးထားတာနဲ့ ပတ်သက်ပြီး အသေးစိတ် သိရဖို့ ရွှေဖီမြေက PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

NSSAA က ဖမ်းဆီးရမိတဲ့ ငွေကြေး လိုက်လံ လိမ်လည်နေသူ ၉ ဦးထဲမှာ ၃ ဦးက TNLA ရဲ့ ရပ်ရွာလုံခြုံရေးတပ်ဖွဲ့ထဲကဖြစ်ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

မိုးကုတ်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၅ ရက်မှာ TNLA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ လေကြောင်းစိုးရိမ်ချက်ကြောင့်ဆိုပြီး TNLA က အင်တာနက်နဲ့ ဖုန်းဆက်ခွင့် ပိတ်ပင်ထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။