မိုင်းရူပ၊ သြဂုတ် ၂၂ ရက်၊ သပိတ်ကျင်း

တော်လှန်ရေးတပ်နဲ့ စစ်တပ်အကြား စစ်ရေး တင်းမာနေတဲ့ သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာအနီးမှာရှိတဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်အနီးကို စစ်တပ်က Y-12 လေယာဉ်နဲ့ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မနေ့ည ၉ နာရီဝန်းကျင်လောက်မှာ Y-12 နဲ့ ၇ ကြိမ်၊ ဗုံး ၃၅ လုံး ကြဲသွားတယ်။ ကြဲသွားတာတော့ ၁၃ တပ်အနီးတစ်ဝိုက်ပေါ့။ အထိအခိုက်တော့ မရှိဘူး”

တတက ၁၃ တပ်ကို တော်လှန်ရေးတပ်တွေက ဝိုင်းရံပိတ်ဆို့ထားပြီး နေ့စဉ်လိုလို လက်နက်ကြီးနဲ့ အပြန်အလှန် ပစ်ခတ်တာအပြင် ထိတွေ့မှု ဆက်ရှိနေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဒါ့အပြင် တတက ၁၃ တပ်ထဲ စစ်တပ်က လေကြောင်း အသုံးပြုပြီး စစ်အင်အားနဲ့ လက်နက်ခဲယမ်းတွေကို ဆက်တိုက် ဖြည့်တင်းနေတယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

စစ်တပ်ရဲ့ တတက ၁၃ တပ်ကို တအာင်းတပ်မတော်- TNLA၊ မန္တလေး PDFနဲ့ မိုးကုတ်ဗျူဟာ စတဲ့ တော်လှန်ရေးပူးပေါင်းတွေက ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ သပိတ်ကျင်းမြို့ကို စစ်တပ်ထံ ပြန်လည် လက်လွှတ်ခဲ့ရပေမဲ့ ကျေးရွာပိုင်း အများစုကိုတော့ တော်လှန်ရေးတပ်တွေဘက်က ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။