ရဲမာန်၊ ဩဂုတ် ၂၂ ရက်၊ ကြို့ပင်ကောက်
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အရှေ့သရက်ကုန်းရွာကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဩဂုတ် ၂၀ ရက် ည ၇ နာရီခွဲမှာ စစ်တပ်က ဒရုန်းဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့တယ်လို့ ၎င်းက ပြောပါတယ်။
“ဒရုန်း တစ်ခါမှ မမြင်ဘူး မကြားဖူးတော့ မီးလတ်လတ်ကို ခေါင်မိုးပေါ်မှာ တွေ့တော့ ရပ်ကြည့်နေကြတယ်။ သေဆုံးသွားတဲ့ လင်မယားနှစ်ဦးရဲ့ သမီးလေးတော့ ကျန်ခဲ့တယ်”
တိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်ဝန်းကျင်ရှိ ကိုမင်းဇော်ဦးတို့လင်မယား သေဆုံးခဲ့တဲ့အပြင် နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်ပေါင်း ၃၃၀ ထဲ ကြို့ပင်ကောက်မြို့နယ်လည်း ပါဝင်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။