လွေးလာဝ်ဇာရ်၊ သြဂုတ် ၂၂ ရက်၊ ကန့်ဘလူ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ပိုင်းခြမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၂၀၀ ကျော်ပါ စစ်ကြောင်းက ဩဂုတ် ၁၆ ရက်ကနေ ၁၉ ရက်အထိ ၅ ရက်ကြာ စစ်ကြောင်းထိုးပြီး နေအိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ၅ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရီး‌ဒွေးရွာက ဖိုတရုတ်၊ ရွာသစ်ရွာက ဇော်ဦးဆိုသူနဲ့ ထိန်တောရွာက အမျိုးသား ၂ ဦးအပါအဝင် လေဖြတ်နေတဲ့ အသက် ၈၀ ကျော်အရွယ် အဖွားတစ်ဦးကိုလည်း အဓမ္မပြုကျင့်ပြီး မီးရှို့သတ်ဖြတ်ခဲ့တာပါ။

ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့က “ကျေးရွာတွေထဲ တပ်စွဲပြီး မီးလိုက်ရှို့နေတာ ဟုတ်ပါတယ်။ အခုက သူတို့ ထွက်လာပါပြီ။ နေအိမ်ဘယ်နှစ်လုံး လောင်သွားလဲဆိုတာ မသိရသေးဘူး”

စစ်တပ်ရဲ့ စစ်ကြောင်းဟာ ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်နဲ့ သရက်တာရွာက နေအိမ်‌တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေရဲ့ အဖိုးတန်ပစ္စည်းကိုလည်း ခိုးယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်က စစ်တပ်ရဲ့ စစ်ကြောင်းဟာ ကျေးပင်အက်ရွာထဲ ဝင်ရောက်ပြီး နေအိမ်နဲ့ ဈေးဆိုင်ခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် အဲဒီရွာမှာဘဲ တစ်ညအိပ် တပ်စွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဩဂုတ် ၂၀ ရက်မှာလည်း စစ်ကြောင်းဟာ ကျေးပင်အက်ရွာအတွင်း ဒေသခံတွေရဲ့ နေအိမ်‌ကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း ဆက်လက် ဖော်ပြထားပါတယ်။

စစ်တပ်နဲ့ ပျူစစ်ကြောင်းဟာ ကျေးရွာဘက်‌တွေကိုသာ အဓိက ပစ်မှတ်ထားပြီး နေအိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ဖြစ်စဉ်တွေ ဆက်တိုက် ကျူးလွန်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းထိုးမှု‌ကြောင့် ထန်းကုန်းတိုက်နယ်၊ ဇီးကုန်းတိုက်နယ်က ထိန်တော၊ ကိုင်းရိုး၊ အင်္ဂါထောင့်၊ သရက်တာ၊ ကျေးပင်အက်အပါအဝင် ကျေးရွာ ၈ ရွာက ဒေသခံ ၁ ထောင်ကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။