ခိုင်လေး၊ ဇန်နဝါရီ ၆ ရက်၊ ဖလမ်း

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲက စစ်သုံ့ပန်း ထားရှိတဲ့ ခွန်းလုံရွာကို စစ်တပ်က MIG-29 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့- CNDF ရဲ့ ရဲတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၇ ဦး သေဆုံးခဲ့တယ်လို့ CNO/CNDF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း တင်မီက ရွှေဖီမြေကို ပြောပါတယ်။

ဇန်နဝါရီ ၄ ရက် ည ၁၁ နာရီခွဲ ၁၂ နာရီကြားမှာ ကျောင်းနဲ့ တိုက်နယ်‌ဆေးခန်းကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

“ရဲအုပ်တစ်ဦးနဲ့ ဒုရဲအုပ်သုံးဦး တပ်ကြပ်ကြီးရယ် တပ်ကြပ်ရယ် နောက်ပြီးတော့ ရဲမိန်းမတစ်ဦး ကျနော်တို့(CNDF)ဘက်က ရဲတစ်ဦးရယ် ဆုံးသွားပါတယ်။ ခွန်းလုံဆိုတဲ့ရွာမှာ ကျနော်တို့ စစ်သုံ့ပန်း ခဏယာယီထားတဲ့နေရာမှာ သူတို့က Target ထား(ဦးတည်)ပြီး ပစ်တာဖြစ်တယ်။ စကစအချင်းချင်း ပစ်တယ်လို့လည်း ပြောလို့ရပါတယ်”

သေဆုံးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ၂၀၂၄ နိုဝင်ဘာ ၁၂ ရက်မှာ ဖလမ်းခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ မြို့နယ် ရဲတပ်ဖွဲ့ရုံးကို သိမ်းပိုက်စဉ် ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင် ၄၅ ဦးထဲက ဖြစ်တယ်လို့ သိရပါတယ်။

ဖလမ်းမြို့ကို ၂၀၂၄ နိုဝင်ဘာ ၉ ရက်မှာ ချင်းညီနောင်နဲ့ မဟာမိတ်ပူးပေါင်းတပ်က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ပြီး စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် တပ်ရင်းဖြစ်တဲ့ ခလရ ၂၆၈ ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။