ရွှေဖီမြေ၊ ဩဂုတ် ၂၁ ရက်၊ နမ့်ဆန်
တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ နမ့်ဆန်မြို့နယ်မှာ လက်နက် ရောင်းဝယ်သူ အမျိုးသား ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ တအာင်းတပ်ဘက်က ဒီနေ့ သြဂုတ် ၂၁ ရက် မနက် ၁ဝ နာရီခွဲမှာ ထုတ်ပြန်လာပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က မြို့နယ် တအာင်းရဲတပ်ဖွဲ့က သတင်းရရှိလို့ စုံးစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လက်နက် ရောင်းဝယ်သူ အမျိုးသား ၃ ဦးနဲ့အတူ AK သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ MA-3 သေနတ် ၁ လက်၊ သေနတ်နဲ့ဆက်စပ်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမိခဲ့တဲ့ အမျိုးသား ၃ ဦးကို လက်နက်ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်မှာလည်း ကွတ်ခိုင်မြို့နယ် တအာင်းရဲတပ်ဖွဲ့က ဟိုကျန့်ကျေးရွာမှာ မူးယစ်ဆေးဝါးနဲ့ လက်နက်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့ဖူးပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။