ဓာတ်ပုံ- RFA

မိုင်းရူပ၊ ဇန်နဝါရီ ၆ ရက်

ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဥ်းသား ၆၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီကပြောပေမဲ့ မြေပြင်မှာ နိုင်ကျဥ်း ၃၀၀ ကျော်သာ လွတ်မြောက်တာ တွေ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်- PPNM က ဒီနေ့ ဇန်နဝါရီ ၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်မှာ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက လွတ်လပ်ရေးနေ့မှာ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၆၀၀ ကျော်ကို လွတ်ငြိမ်းခွင့် ပေးခဲ့ကြောင်း မီဒီယာတွေမှာ ဖြေကြားထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံရေးအကျဥ်းသား ၆၀၀ ကျော်ကို လွှတ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ပြောပေမဲ့ PPNM က မြန်မာနိုင်ငံတဝန်းမှာ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ စာရင်းကို ပြုစုရာမှာ နိုင်ကျဥ်း ၃၄၄ ဦးသာ လွတ်မြောက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက ပြည်သူတွေ စာရင်းရရှိမှု အခက်အခဲကို အခွင့်ကောင်း ယူပြီးမှဘဲ နိုင်ငံရေး အကျဥ်းသား ၆၀၀ ကျော်ကို လွတ်ပေးတယ်ဆိုပြီး ပြည်သူတွေ၊ နိုင်ငံတကာတွေကို ပြချင်လို့ လုပ်ဆောင်တယ်လို့ပဲ ကျနော်တို့ သုံးသပ်ပါတယ်” ဆိုပြီး PPNM ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်ထဲမှာ ရှမ်းတောင် ညောင်ရွှေမြို့နယ်က နိုင်ငံရေး အကျဥ်းသား ၂ ဦးသာ လွတ်မြောက်တာ တွေ့ရတယ်လို့ ကိုသိုက်ထွန်းဦးက ဆက်ပြောပါတယ်။

နိုင်ငံရေး အကျဥ်းသားဟောင်းတစ်ဦးကလည်း စစ်တပ်ဟာ နိုင်ငံရေး အကျဥ်းသား ၆၀၀ ကျော် လွှတ်ပေးကြောင်း လိမ်လည်ပြောဆိုမှုဟာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ ၎င်းတို့ရဲ့ မိသားစု၀င်ကို ခုတုံးလုပ်ပြီး လိမ်လည်ကာ နိုင်ငံရေး အမြတ်ထုတ်တာ ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီကတော့ အခုလိုမျိုး ပြည်သူလူထုနဲ့ ကမ္ဘာကို လိမ်လည် ပြောဆိုတာက အခုမှ လိမ်တာ မဟုတ်ဘူး။ အဆန်းလည်း မဟုတ်ဘူးဆိုတာ ပြည်သူအားလုံးကသိကြပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို စစ်ကောင်စီက သူတို့ရဲ့ နိုင်ငံရေးခြေနင်းခုံအဖြစ် အကြိမ်ကြိမ် ပြုလုပ် အသုံးချနေတယ်လို့လည်း ရှုမြင်ပါတယ်”

လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၅,၈၆၄ ဦးကို လွတ်ငြိမ်းခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်တပ် အာသိမ်းပြီး ၄ နှစ်နီးပါးအတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားနဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ ၂ သောင်း ၈ ထောင်ကျော် (၂၈,၀၉၆ ဦး) ရှိပြီလို့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်တဲ့ စာရင်းအရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။