မိုင်းရူပ၊ သြဂုတ် ၁၉ ရက်၊ မိုးကုတ်

စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဒဏ်ကို မကြာခဏ ခံနေရတဲ့ တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့မှာ လေကြောင်း စိုးရိမ်ချက်ကြောင့် မြို့ခံတွေ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ သြဂုတ် ၁၉ ရက်မှာ မိုးကုတ်မြို့တွင်း ဖြတ်သန်းသွားလာသူတွေ အနည်းစုလောက်သာ တွေ့ရပြီး မြို့ခံတွေဟာ ဘေးလွတ်ရာနဲ့ မန္တလေး၊ ရန်ကုန်ဘက် ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။

“မိုးကုတ်ကတော့ တော်တော်များများကို ရှောင်နေကြပြီ။ မြို့ထဲမှာလည်း ခြောက်ကပ်နေတာပဲ။ လေယာဉ် ခဏခဏ ကြဲနေတော့ ကြောက်ကြပြီလေ။ မြို့ထဲမှာက လူအနည်းအကျဉ်းလောက်ပဲ ကျန်တယ်” လို့ မိုးကုတ်မြို့တွင်းမှာ ရှိနေတဲ့ မြို့ခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ မိုးကုတ်မြို့ခံ ၃ ပုံထဲက ၂ ပုံဟာ စစ်ရှောင်နေကြပြီး စစ်ဘေးရှောင်ဖို့ ငွေကြေး မတတ်နိုင်တဲ့သူနဲ့ မြို့ခံတချို့သာ မြို့တွင်းထဲ ကျန်ရှိနေတယ်လို့ သိရပါတယ်။

တအာင်းတပ် ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေပြီး အစုလိုက် အပြုံလိုက် သေဆုံးမှု မကြာခဏ ဖြစ်ပွားနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့အရှေ့ပိုင်း ရွာသစ်နဲ့ ရွှေကူကြားမှာရှိတဲ့ ငါးပတ်တောင်မှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။

ဒါ့အပြင် ဩဂုတ် ၁၇ ရက် မနက် ၉ နာရီခန့်လည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သလို မနေ့ ဩဂုတ် ၁၈ ရက်မှာ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ကျပ်ပြင် နာရီစင်အနီးမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

တစ်ဖက်မှာလည်း မိုးကုတ်မြို့နယ်ဘက် ဦးတည်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ နောင်ချို-မိုးကုတ်လမ်းပေါ်ရှိ ကျေးရွာတွေကို ဆက်လက် ထိုးစစ် ဆင်နေပြီး တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။