ရဲမာန်၊ ဩဂုတ် ၁၉ ရက်၊ ပေါက်ခေါင်း

ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်မှာ အင်အား ၄၀ ကျော်နဲ့ အထိုင်ချထားတဲ့ စစ်တပ်ရဲ့ ဘော်ဒါကျေးရွာ ဂိတ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၂ က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက် မနက် ၅ နာရီခွဲဝန်းကျင်မှာ ဗျူဟာ ၂၁ ရဲ့ ကွပ်ကဲမှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်တို့နဲ့အတူ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၅ ဦး‌ သေဆုံးပြီး ၃ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မနေ့ သြဂုတ် ၁၈ ရက် ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

တိုက်ခိုက်မှုအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က သေနတ် ၅ လက်၊ ကျည်ဘောက် ၁၃ ခု၊ ကျည်ထောင့် ၃၀၀ နီးပါးနဲ့ ရှေ့ထွက်မိုင်းတစ်လုံးအပါအဝင် စစ်အ‌သုံးဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၎င်းတိုက်ခိုက်မှုကို ပြည်ခရိုင် တပ်ရင်း ၂၊ တောင်ငူခရိုင် တပ်ရင်း ၁ နဲ့ ပြည်ခရိုင် တပ်ရင်း ၁ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဆက်လက် ဖော်ပြထားပါတယ်။

စခန်းသိမ်းတိုက်ပွဲ ပြီးတဲ့နောက် ညပိုင်းမှာ ဘော်ဒါရွာအနီးရှိ ကြိမ်ချောင်းရွာကို စစ်တပ်က စက်တပ်လေထီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ၁၃ နှစ်သမီးအပါအဝင် ၆ ဦး သေဆုံးသွားပြီး ၅ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

“အဲအနီးနားပတ်ဝန်းကျင်ရွာဖြစ်တဲ့ ကြိမ်ချောင်းကို ည ၉ နာရီလောက်မှာ ဗုံးသီး ၄ လုံး ချတယ်။ ပြည်သူ ၆ ဦး သေတယ်ပေါ့။ ထိခိုက်ဒဏ်ရာ ရရှိသူတွေ ရှိတယ်” လို့ ပြည်ခရိုင် တပ်ရင်း ၂ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ရွှေဖီမြေကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်နေစဉ်အတွင်း စစ်တပ်ရဲ့ စခန်း ၄ ခုအနက် စာသင်ကျောင်းကုန်း၊ သစ်တောကုန်းနဲ့ ဆက်သွယ်ရေးတွေကိုပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။