ပျားကြီး၊ ဇန်နဝါရီ ၅ ရက်၊ ဝက်လက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အုန္နဲဘုတ်ကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေတာကြောင့် ဘေးလွတ်ရာ ညတွင်းချင်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ် အရှေ့တောင်ဖက်မှာရှိတဲ့ အုန္နဲဘုတ်ရွာကို မနေ့ ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့ ) ည ၁၀ နာရီကျော်မှာ စစ်ကြောင်းထိုးခဲ့တာ ဖြစ်ပါတယ်။

“RPG တွေလည်း ပါတယ်။ မဲမဲမြင်ရာ တရစပ် ပစ်ပြီး ဝင်ချလာတာပဲဗျ။ ဒီနားပတ်ပတ်လည်က ရွာတွေပါ အကုန်ပြေးရတာ။ ဖမ်းခံထားရတဲ့သူတွေလည်း အများကြီးပဲ” လို့ အုန္နဲဘုတ် ရွာခံတစ်ဦးက ပြောပါတယ်။

စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် လူထု ထိခိုက်မှု ရှိမရှိကို လတ်တလော မသိရသေးပေမဲ့ ဖမ်းဆီးခံရသူ ၄၀ နီးပါး ရှိတယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုပါတယ်။

ဒီနေ့မနက်ပိုင်းမှာ ရရှိထားတဲ့ သတင်းတွေအရ မကြာသေးမီရက်ပိုင်းအတွင်း သင်တန်း ဆင်းထားတဲ့ စစ်ဗိုလ် ၃ ဦး ပါဝင်တဲ့ စစ်ကြောင်းဟာ အုန္နဲဘုတ်ရွာအတွင်း တပ်စွဲထားပြီး ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသလို ဖမ်းဆီးခံထားရသူကိုလည်း ထမင်းချက်ဖို့ စေခိုင်းထားတယ်လို့ သိရပါတယ်။

မနေ့ညပိုင်းက စစ်ကြောင်းထိုး ပစ်ခတ်မှုကြောင့် အုန္နဲဘုတ်ရွာအနီးအနားက ပဲ့သူကြီး၊ ဘူးဘကန်၊ ပေါက္ကံရွာမ စတဲ့ကျေးရွာအပါအဝင် ရွာပေါင်း ၆ ရွာထက်မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

မူဆယ်က ဖုန်းဆိုင်တစ်ဆိုင်မှာ ပြည်သူ့စစ်ဝတ်စုံနဲ့ ဓားပြ ဝင်တိုက်၊ ဓားပြတိုက်မှုဟာ မူဆယ်မှာ ဓလေ့တစ်ခုလိုဖြစ်ပြီး အထူးအဆန်း မဟုတ်တော့

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ ပြည်သူ့စစ်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသား ၄ ဦးက ဖုန်းဆိုင်တစ်ဆိုင်မှာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

စစ်ကောင်စီက မန္တလေးမြို့ပေါ် ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာရှိတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားခဲ့

စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်က ဘောလုံးကွင်းနဲ့ စာသင်ကျောင်း ပတ်လည်မှာ ရှိနေတဲ့ နေအိမ်ဆိုင်ခန်းပေါင်း ၅၀၀ နီးပါးကို တစ်ပတ်အတွင်း ဖယ်ရှားရှင်းလင်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။