လွေးလာဝ်ဇာရ်၊ ဩဂုတ် ၁၇ ရက်၊ မိုးကုတ်
တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့လို့ ကလေး ၁ ဦးအပါ ဒေသခံ ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ မနက် ဩဂုတ် ၁၇ ရက် ၉ နာရီဝန်းကျင်မှာ မိုးကုတ်မြို့ အရှေ့ပိုင်းမှာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မိုးကုတ်မြို့ခံတစ်ဦးက “ဒီနေ့ ၈ နာရီ ၅၇ မှာ တစ်လုံး နောက် ၅ မိနစ်လောက်ဘဲခြားတယ်။ နောက်ထပ် တစ်လုံး ထပ်ကြဲတာ။ တစ်လုံးက ပတ္တမြားငမောက်ရှေတည့်တည့်က တစ်လုံး၊ ဘဏ်ရှေ့မှာ တစ်လုံးကျတယ်။ လူထိတာက လမ်းပေါ်သွားနေသူ တစ်ယောက်နဲ့ ခလေး တစ်ယောက်၊ လူငယ် တစ်ယောက် သေတာ။ ပျောက်ဆုံးနေတဲ့သူလည်း ရှိသေးတယ်” လို့ ပြောပါတယ်။
မိုးကြဲတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး အချက်အလက် အသေးစိတ်ကို ရွှေဖီမြေက ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၄ ရက်မှာလည်း မိုးကုတ်မြို့ အရှေ့ပိုင်းက လင်းရောင်ခြည် ဘုန်ကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦး ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂ ပတ်အတွင်း ရွှေဖိမြေ ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာရခဲပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။