ပို့လဘား၊ ဩဂုတ် ၁၅ ရက်၊ မန့်ဝိန်း
ကချင်ပြည်နယ် မံစီမြို့နယ် မန့်ဝိန်းကြီးမှာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒီနေ့ ဩဂုတ် ၁၅ ရက် မနက်အစောပိုင်း ၁၂ နာရီခွဲမှာ မန့်ဝိန်းကြီးမြို့ ကောင်းခန်နဲ့ ဟိုတုံရွာကို စစ်တပ်က ပေါင် ၅၀၀ တစ်လုံးနဲ့ ပေါင် ၂၅၀ နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်။
“ပထမတစ်စီးက ကောင်းခန်ရွာကို ပေါင် ၂၅၀ နှစ်လုံး လာချတာ။ နောက်တစ်စီးကျတော့ ဟိုတုံရွာမှာ ပေါင် ၅၀၀ လာချတယ်။ ဟိုတုံရွာက လူထိခိုက်မှု ရှိတယ်” လို့ သူက ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်ဝန်းကျင်အရွယ် ကလေးငယ် (အမျိုးသား)နဲ့ အသက် ၄၀ ဝန်းကျင်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာ ၂၇ ရက်ကလည်း မန့်ဝိန်းကြီးကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးပါတယ်။
အလားတူ မနေ့ည ၈ နာရီခွဲကျော်က တအာင်းတပ်မတော်- PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်မြို့ကိုလည်း စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။