ဓာတ်ပုံ – Local

ရဲမာန်၊ ဩဂုတ် ၁၃ ရက်၊ မြိုင်

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေကို စစ်ကောင်စီတပ်ဘက်က ၂ ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစု သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင်က ရွှေဖီမြေကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၁ ရက် မနက် ၁၁ နာရီလောက်ကစပြီး ပြာရွာ၊ ရှခွလေးရွာ၊ မုန်တောရွာ၊ ကမ်းပျိုရွာနဲ့ သနပ္ပင်ရွာစတဲ့ ‌‌ပေါက်အရှေ့ခြမ်းရှိကျေးရွာတွေကို ဗုံးအလုံးရေ ၅၀ ကျော်တိုက်ခိုက်ခဲ့တယ်လို့ ၎င်းကပြောပါတယ်။

“အခုရက်ထဲ ‌မြိုင်နဲ့ ပေါက်နယ်ကို လေကြောင်းအဓိကနဲ့ တိုက်ခိုက်ဖို့ စစ်ကော်မရှင်က ပိုပြီးဦးတည်နေပါတယ်။ သေဆုံးမှုတွေလည်း ရှိနေတယ်။ တပြိုင်တည်းမှာ ဖြတ်လေးဖြတ်နည်းကို အစွမ်းကုန်သုံးပီုး ပခုက္ကူခရိုင်တစ်ခုလုံးကို ရိက္ခာ အကြီးအကျယ်ဖြတ်တောက်နေပါတယ်”

သေဆုံးသွားသူတွေထဲမှာ ၆ နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဖြစ်တယ်လို့ ၎င်းကပြောပါတယ်။

“မနေ့က ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ သုံးကြိမ်ကြဲပါတယ်။ လူထိခိုက်တာတော့ မရှိဘူး ဘုန်းတော်ကြီးကျောင်းအဆောက်အဦးတွေပဲ ထိမှန်သွားတယ်”

မြိုင်နဲ့ ပေါက်နယ်‌တွေကို စစ်ကောင်စီတပ်က နေ့စဉ်လိုလိုဗုံးကြဲတိုက်ခိုက်မှုရှိ‌နေပြီး ဒီလိုအခြေနေဆိုးမှာ ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အတူ ညီညွတ်စွာ ကျော်ဖြတ်ကြဖို့ သူကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက် ညနေ ၄ နာရီခန့်က ပေါက်မြို့နယ် စံဖဲရွာကို ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။