ရွှေဖီမြေ၊ ဩဂုတ် ၁၁ ရက်၊ ပဲခူး
တော်လှန်ရေးပူးပေါင်းတပ်တွေ စိုးမိုးထားတဲ့ နယ်မြေအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ပဲခူးတိုင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ အမှတ်-၂ စစ်ဆင်ရေးနယ်မြေမှ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့တာဖြစ်ပြီး ၎င်းတိုက်ပွဲမှာ စစ်ကောင်စီတပ်မှ ၃ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရရှိခဲ့တဲ့အပြင် စစ်လက်နက်အချို့လည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားပါတယ်။
အဲတိုက်ပွဲကို KNLA တပ်ရင်း-၈၊ အမှတ်-၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်း စစ်ဌာန၊ ဗျူဟာ-၂၄၊ နဂါးနီတပ်ရင်း၊အမှတ်- ၃၅၀၃ တပ်ရင်းတို့မှ ပူပေါင်းတိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃၀ ရက်နေ့ကလည်း ပဲခူးရိုးမအတွင်း ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။