ဓာတ်ပုံ – Local

မြတ်နိုး၊ ဩဂုတ် ၁၁၊ မုံးကိုး

MNDAA ထိန်းချုပ်ထားတဲ့ တရုတ် – မြန်မာ နယ်စပ်၊ မုံးကိုးမြို့က လဝကရုံးဟောင်းမှာ မနေ့ ဩဂုတ်လ ၁၀ ရက်နေ့ မနက်ပိုင်းကစ MNDAA အလံ ဖြုတ်လိုက်ပြီး မြန်မာအလံ ပြန်လွှင့်ထားကြောင်း ဒေသခံ တွေဆီက သိရပါတယ်။

“စစ်တပ်ရှိတုန်းက လဝကရုံးမှာ မနေ့ မနက်ကစ မြန်မာအလံ ပြန်လွှင့်ထားပြီ” လို့ ဒေသခံ အမျိုးသား တ‌‌စ်ဦးက ပြောပါတယ်။

လဝကရုံးကတော့ တခြားနေရာဘက် ရွှေ့ပြောင်းထားပြီး အလံလွှင့်ထူထားတဲ့ လဝက ရုံးဟောင်းမှာ ဘာရုံး လုပ်ထားတယ် ဆိုတာတော့ မသိဘူးလို့ သူက ပြောပါတယ်။

“အသိ အရာရှိတွေပြောတာတာ့ အရပ်ဘက်နဲ့ ဆိုင်တဲ့ ရုံးတွေမှာ ရှမ်းပြည်နယ် အထူးဒေသ ၁ အလံနဲ့ မြန်မာ အလံ ပဲ လွှင့်တင်တာ့မယ်လို့ ပြောတယ်” လို့နောက်ထပ် ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

MNDAA အလံကိုတော့ သူတို့ရဲ့ တပ်စခန်းတွေမှာပဲ လွှင့်တင်တာ့မယ်လို့ ပြောတယ်လို့ သူက ပြောပါတယ်။

မုံးကိုးမြို့က တရုတ် – မြန်မာ နယ်စပ် ဂိတ်ဖြစ်တဲ့ မုံးကိုး – မန်ဟိုင်း နယ်စပ်ဂိတ် နဲ့ ကြူကုတ် (ပန်ဆိုင်း)မြို့က တရုတ် – မြန်မာ နယ်စပ်ဂိတ်ဖြစ်တဲ့ ပန်ဆိုင်း – ဝမ်တိန် နယ်စပ်ဂိတ်မှာတော့ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကတည်းက MNDAA အလံ ဖြုတ်သိမ်းပြီး မြန်မာ အလံ ပြန်လည် လွှင့်တင်ထားတာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။