မြတ်နိုး၊ ဩဂုတ် ၁၁၊ လိုင်ဇာ
ကချင်ပြည်နယ်၊ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ဒီနေ့ ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းကစပြီး မိုးသည်းထန်လို့ ရေထပ်ကြီးနေကြောင်း ဒေသခံတွဆီက စုံစမ်းသိရပါတယ်။
“ဒီမနက်ပဲ စရွာတဲ့ မိုးကြောင့် လိုင်ဇာမှာ ရေအရမ်းကြီးနေတယ်။ အိမ်တွေလည်း မြုပ်ကုန်ပြီ။ အိမ်တွေ မျောပါသွားတာ ရှိတယ်လို့ပြောတယ်။ အသေးစိတ် သေချာ မသိရသေးဘူး” လို့ ဒေသခံ အမျိုးသမီး တစ်ဦးက ပြောပါတယ်။
မြို့ပေါ် လမ်းမတွေပေါ်မှာ ရေစီးကြာင်းတွ ဖြစ်နေပြီး ရေစီးသန်တာကြောင့် လမ်းမတွေကိုဖြတ်ကူးလို့ မရဝောာ့အောင်ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
“ဝေကြိုင်ဘက်လည်း သွားလို့ မရတော့ဘူး။ ရေတအားကြီးနေပြီ” လို့ သူမက ဆက်ပြောပါတယ်။
တောင်ကျရေက ပိုစိုးရိမ်ရတာကြောင့် ခါ့ကျန်ချာင်း၊ ခါ့ယာချောင်း၊ လပူချောင်းနဲ့ ပျဉ်းကတိုးတာဘက်က စီးလာမယ့် ရေတွေ သတိထားရပြီး စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းကလည်း လိုင်ဇာ ဒေသက စစ်ရှောင်စခန်း နဲ့ ရွာတချို့မှာ ရုတ်တရက် မိုးကြီး၊ ရေကြီးတာကြောင့် ရေထဲ မျောပါတဲ့ နေအိမ်တွေ အပါအဝင် နေအိမ် ၁၆၀ ကျော် ပျက်စီးသွားပြီး လူ ၆ ဦး မျောပါ သေဆုံးက လယ်ဧက ၃၀ ဝန်းကျင်လည်း နစ်မြုပ်သွားခဲ့တာ ဖြစ်ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။