ဓာတ်ပုံ – AMP

အိုက်ပွီး၊ သြဂုတ်လ ၉ ရက်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်လို့ ဘုန်းကြီးကျောင်း ဓမ္မာရုံနဲ့ စာသင်ကျောင်းတို့ ပျက်စီးပြီး လူထိခိုက်မှုရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့နယ် ရန်ကုန်-ကျောက်ဖြူ ကားလမ်းပေါ်မှာရှိတဲ့ မင်းပြင်ကျေးရွာကို မနေ့ သြဂုတ်လ ၈ရက် ည ၁၁ နာရီခန့်မှာ စစ်ကောင်စီက ပေါင် ၅၀၀ အပါအဝင် ဗုံးသီးနှစ်လုံးနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာ ဖြစ်ပါတယ်။

“မနေ့ညက ၁၀ မိနစ်ခြား မင်းပြင်ရွာ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို ဗုံးကြဲသွားပါတယ်။ ရွာက အထက်တန်းကျောင်း လုံးဝ ပျက်စီးသွားပါတယ်။ ဘုန်းကြီးကျောင်းက ဓမ္မာရုံလည်း ပျက်စီးသွားပါတယ်။ လူထိခိုက်မှုလည်း ရှိတယ်ကြားတယ်။ ဘယ်သူတွေလဲဆိုတာ အတည်မပြုနိုင်သေးပါဘူး။”လို့ ကျောက်ဖြူမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ဟာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်ဖြစ်ပြီး AA ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်က ဒရုန်း၊ လေယာဥ်တို့နဲ့ မကြာခဏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

ဒါ့အပြင် ဒီနေ့ ဩဂုတ်လ ၉ ရက် မနက် ၂ နာရီဝန်းကျင်မှာ AA ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေကျေးရွာဟောင်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်သွားတယ်လို့ သိရပါတယ်။

“ဒီနေ့မနက်အစောပိုင်း ထွန်းရဝေရွာဟောင်းကို ဗုံးနှစ်လုံး လာကြဲသွားပါတယ်။ အဲဒီဗုံးသီးနှစ်လုံးက ရွာရဲ့အပြင်ဘက် တစ်နေရာမှာ ကျသွားတယ်။ ထိခိုက်မှုတော့ မရှိဘူး။”လို့ ရသေ့တောင်မြို့နယ်မှ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၃ ရက်မှာလည်း ထွန်းရဝေကျေးရွာဟောင်းကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားပြည်သူ ၁၂ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်က စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ စတဲ့မြို့နယ်ကလွဲပြီး AA ထိန်းချုပ်ထားတဲ့ မြို့နယ် ၁၄ မြို့နယ်ကို ဇူလိုင်လ ၃၁ ရက်နေ့က အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။