ဓာတ်ပုံ- Facebook (ပုံဟောင်း)

ရွှေဖီမြေ၊ ဇန်နဝါရီ ၄ ရက်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်- NLD အစိုးရလက်ထက်က ကချင်ပြည်နယ် ဝန်ကြီးချုပ်ဖြစ်တဲ့ ဒေါက်တာ ခက်အောင်အပါအဝင် နိုင်ငံတစ်ဝှမ်း အကျဥ်းချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်းသား ၆၀၀ ခန့်ကို လွတ်ငြိမ်းခွင့် ပေးလိုက်တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ် လက်အောက်ခံ မီဒီယာတွေမှာ ပြောကြားထားပါတယ်။

စစ်ကောင်စီက ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကို လွန်ခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးပုဒ်မ၊ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)၊ မတရားအသင်း အက်ဥပဒေပုဒ်မနဲ့ ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝှမ်းမှာ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဥ်းသူ အကျဥ်းသား ၉,၉၅၈ ဦး ရှိတဲ့အထဲ ပုဒ်မ ၅၀၅ နဲ့ ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသူ အကျဥ်းသား ၆၀၀ နီးပါးသာ ပြန်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီ ၄ ရက်မှာ ကျရောက်တဲ့ ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင်မှာ အကျဥ်းကျနေတဲ့ အကျဥ်းသူ အကျဥ်းသားပေါင်း ၅,၈၆၄ ဦးကို လွှတ်ငြိမ်းခွင့် ပေးလိုက်တာဖြစ်ပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁(၁)အရ နောက်တစ်ကြိမ် ပြစ်မှု ကျူးလွန်ရင် အဲဒီပြစ်မှုအပြင် အရင်က ကျခံရမယ့် ပြစ်ဒဏ်တွေကိုပါ ဆက်လက် ကျခံရမယ်လို့ ဆိုပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းက ဒီမိုကရေစီအရေး လှုပ်ရှားသူပေါင်း သုံးသောင်းဝန်းကျင် (၂၈,၀၉၆ ဦး) ဖမ်းဆီးခံခဲ့ရပြီး အဲဒီအထဲက ၂ သောင်းကျော် (၂၁,၄၉၉ ဦး)ဟာ ထိန်းသိမ်းခံနေရဆဲဖြစ်သလို ထိန်းသိမ်းခံနေရသူထဲက ၉ ထောင်ကျော် (၉,၉၅၈ ဦး)တော့ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း- AAPP ရဲ့ မနေ့ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။