ဓာတ်ပုံ- Local

လွေးလာဝ်ဇာရ်၊ ဩဂုတ် ၇ ရက်၊ သံတောင်ကြီး

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှု ဖြစ်ပွားတာကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာပြီး ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဩဂုတ် ၆ ရက် မနက်အစောပိုင်း ၂ နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုကြောင့် သေဆုံးသူ ၁၂ ဦးအထိ ရှိလာတာဖြစ်ပြီး ပျောက်ဆုံးနေသူလည်း ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒေသခံ အမျိုးသမီးတစ်ဦးက “မနေ့တုန်းက ၉ လောင်း တွေ့တာ။ မိသားဝင်ရဲ့ အလောင်း ၃ လောင်းက ဒီမနက်မှ ပြန်တွေ့တာ။ ပျောက်ဆုံးနေတဲ့သူတွေ ထပ်ရှိသေးတယ်” လို့ ပြောပါတယ်။

သေဆုံးသူတွေထဲ ကလေး ၂ ဦးအပါအဝင် အမျိုးသား ၁ဝ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ ဖြစ်ပါတယ်။

နောက်ထပ်ဒေသခံ အမျိုးသားတစ်ဦးကလည်း “တောင်ကျရေကြောင့် မြေပြိုလို့ လမ်းပျက်စီးမှုတွေ ရှိတယ်။ တချို့ရွာလည်း ရှောင်ကုန်ကြတာ ရှိတယ်။ ပျောက်ဆုံးနေသူတွေက သံတောင်ကြီးမြို့ပေါ်တော့ မရှိတော့ဘူး။ ရွာဘက်တော့ မသိသေးဘူး” လို့ ပြောပါတယ်။

သံတောင်ကြီးမှာ မြေပြိုမှုကြောင့် နေအိမ် ၃ဝ ကျော်လည်း ထိခိုက်ပျက်စီးခဲ့ပြီး လက်ရှိအချိန်ထိ မိုးအဆက်မပြတ် ရွာသွန်းဆဲ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။