ဓာတ်ပုံ- Local

ပို့လဘား၊ ဩဂုတ် ၇ ရက်၊ တောင်ကြီး

ရှမ်းတောင် တောင်ကြီးမြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိမ့်ဝင်နေတဲ့ သတင်းကြောင့် စစ်ကောင်စီတပ်က PSMS စနစ်ကို အသုံးပြုပြီး စစ်ဆေးကာ ဖမ်းဆီးတာတွေ ပြုလုပ်သွားမယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်က တောင်ကြီးမြို့မှာ People Surveillance and Management System- PSMS စနစ်ကို အသုံးပြုပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ မြို့အဝင်အထွက်၊ ကားဂိတ်၊ စစ်တပ်ဂိတ်တွေမှာ စစ်ဆေးမယ်လို့ တောင်ကြီးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

PSMS ဆိုတာ CCTV၊ လက်ဗွေ၊ မျက်စိ Scan ဖတ်တာတွေကနေ လူတွေကို လိုက်ရှာတဲ့ Click တစ်ချက် နှိပ်လိုက်တာနဲ့ လူတစ်ဦးရဲ့ အချက်အလက်တွေကို အမြန်ဆုံး သိစေနိုင်တဲ့စနစ် ဖြစ်ပါတယ်။

တောင်ကြီးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း‌မှာ လာရောက် တည်းခိုသူရဲ့ အချက်အလက်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးအဖွဲ့တွေဆီမှာ စနစ်တကျ ပေးပို့ရမှာဖြစ်ပြီး မြို့အဝင်အထွက်နဲ့ ကားဂိတ်၊ ယာဉ်လိုင်းကနေ လိုက်လာသူကိုလည်း သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့က PSMS စနစ်နဲ့ စစ်ဆေးမေးမြန်းမှာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကလော အဝင်မှာရော ရွာငံဖက်ရော သူတို့ စဝင်နေပြီ။ သူတို့ထိန်းထားတဲ့ နယ်မြေတွေမှာ သူတို့အတွက် လုံခြုံရေးဘာညာသဘောပဲ။ ပြီးတော့ ငွေညှစ်ဖို့ပေါ့။ ငွေလိမ်တောင်းတာတွေ ရှိမယ်။ သူတို့တောင်းတဲ့ငွေ မပေးမချင်း သူတို့ဂိတ်မှာ ပေးမဖြတ်တာတွေ ချုပ်နှောင်ခံရတာတွေလည်း ဖြစ်လာနိုင်တယ်။ သူတို့က PSMS နည်းပညာကို အဓိက အသုံးပြုပြီး လိုအပ်ရင် လိုအပ်သလို ဖမ်းဆီးတာတွေ လုပ်မယ်။ အဲဒီဟာက Without ကားစီးရင် အသိမ်းခံရတဲ့သဘောမျိုးနဲ့ တူပါတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဟိုတယ်‌၊ တည်းခိုခန်းမှာ လာရောက်တည်းခိုသူရဲ့ ကိုယ်ရေးအချက်အလက်ကိုလည်း မှန်ကန်စွာ စစ်ဆေးမှု ခံယူပြီး မော်တော်ယာဉ်လိုင်းမှာရှိတဲ့ ဂိတ်မှူးက မော်တော်ယာဉ်နဲ့ လိုက်ပါလာတဲ့ ခရီးသည်ရဲ့ ကိုယ်ရေးအချက်အလက်ကို သေချာစီစစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးနဲ့ ရဲစခန်းထံ ပေးပို့ရမှာဖြစ်တယ်လို့ ထွေအုပ်ဘက်က ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။

ဟိုတယ်ပိုင်ရှင်၊ ယာဉ်လမ်းပိုင်ရှင်တွေအနေနဲ့ သက်ဆိုင်ရာအုပ်ချုပ်ရေး၊ လုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းပြီး တည်းခိုသူရဲ့ အချက်အလက်ကို ပေးပို့ရမှာဖြစ်ပြီး လာရောက် စစ်ဆေးတဲ့အချိန်မှာလည်း အသာတကြည် စစ်ဆေးခံဖို့ မလိုက်နာတဲ့သူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုပြီး ခြိမ်းခြောက်စာ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။