ဓာတ်ပုံ – Local

မြတ်နိုး၊ ဩဂုတ် ၅၊ လိုင်ဇာ

ကချင်ပြည်နယ်၊ လိုင်ဇာအနီး ဂျဲယန်ချောင်းတလျှောက်က စစ်ရှောင်စခန်းနဲ့ ရွာတွေဟာ မနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက် အစောပိုင်းက မိုးသည်းထန်စွာ ရွာတာကြောင့် ဂျဲယန်ချောင်း ရေကြီးလာလို့ နေအိမ် ၁၀၀ ကျော် ရေထဲမျောပါသွားကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“ချောင်းဘေးတလျှောက် အကုန် မျောပါသွားကုန်တယ်။ ဂျဲယန် ကွက် ၈ တခုလုံး အိမ်တွေ မရှိတော့ဘူး။ သဲသောင်ပြင်တွေ ဖြစ်သွားပြီ” လို့ ဒေသခံ အမျိုးသားတစ်ယောက်က ပြောပါတယ်။

ကြက်၊ ဝက် မွေးထားတာတွေအပြင် စိုက်ခင်းခြံတွေပါ အကုန်မျောပါကုန်ပြီး သံတွေပြည့်ကုန်တယ်လို့ သူက ပြောပါတယ်။

“လမ်းခင်းကျောက်ကြိတ်တဲ့ အလုပ်ခွင်က အလုပ်သမား တယောက်နဲ့ ဗမာ နှစ်ယောက် ရေကြီးချိန် အိပ်ပျော်နေလို့ မျောပါသွားတယ်လို့ကြားတယ်။ ကျောင်းတွေ၊ ဆိုင်တွေ ဆေးရုံတွေ အကုန် မျောပါကုန်တယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။

ရေလမ်းကြောင်း ပြောင်းသွားတာကြောင့် ရွာတစ်ရွာတော့ ရွာလယ်ခေါင်ကနေ ချောင်းလိုဖြစ်သွားပြီး ရေစီးနေတာ လမ်းတွေလည်းပျောက်ကုန်ပြီလို့ သူက ပြောပါတယ်။

ရေကြီးလာချိန် ဖွန်လုမ်ယန် ကျောက်ခွဲလုပ်ငန်းခွင်က အလုပ်သမား ၃ ဦး ကားနဲ့ အတူ မျောပါသွားကြောင်း၊ မုံးဆိုင်ယန်ရွာက လူ ၃ ဦးလည်း မျောပါသွားပြီး အဲထဲက တစ်ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပေမယ့် အသက် ၃ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၅၀ ကျော် အရွယ် အမျိုးသမီးကြီးရဲ့ အလောင်းကို မတွေ့ရှိသေးကြောင်း ဩဂုတ်လ ၄ ရက်ညက လိုင်ဇာ FM ကသတင်းထုတ် ထားပါတယ်။

ရေဘေးကြောင့် ဖုန်မိုင်ယန်ရွာက နေအိမ် ၁၅ အိမ်၊ ဖွန်လုမ်ယန် စစ်ရှောင်စခန်းက နေအိမ် ၅ အိမ် ထက်မနည်းနဲ့ ဂျဲယန်စစ်ရှောင်စခန်းက နေအိမ် ၉၆ အိမ် မျောပါပျက်စီး သွားခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ရေဘေးရှောင်သူတွေအများအပြားဟာ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ ဂျဲယန် ဘုရားကျောင်းမှာ ယာယီ ခိုလှုံနေကြရတယ်လို ဆိုပါတယ်။

မိုးသည်းရေကြီးမှုကြောင့် လျှပ်စစ်မီးတိုင်တွေ ကျိုးကျပျက်စီးသွားကာ လိုင်ဇာမြို့ အပါအဝင် နယ်စပ်တလျှောက်က ဒေသခံ ပြည်သူတွေ လျှပ်စစ်မီး မရတော့လို့ အခက်ကြုံနေကြရပြီး လိုင်ဇာ – မိုင်ဂျာယန် ကားလမ်းပိုင်း‌ တွေမှာ မြေပြို လမ်းပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။