မိုင်းရူပ၊ သြဂုတ် ၂ ရက်၊ ပုလဲ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းထားတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ထဲရှိ ကန်ဒေါင့်ရဲစခန်းကို ပြန်ရဖို့ စစ်တပ်ဘက်က ထိုးစစ်ပြန်ဆင်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

ပုလဲမြို့နယ် သရက်ကန်ကျေးရွာကနေ ကန်ဒေါင့်ရဲစခန်းဘက်ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ဟာ ကန်ဒေါင့်ကျေးရွာနဲ့ ၁ မိုင်အကွာကို ရောက်ရှိနေပြီး PLA နဲ့ ပူးပေါင်းတပ်တွေဘက်က ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

“မနေ့မှာ သရက်ကန်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ပြီးတော့ စစ်ကြောင်းထိုးလာတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ အခုကန်ဒေါင့် ပတ်ပတ်လည်မှာ ကျမတို့ PLA နဲ့ မဟာမိတ်တပ်တွေက ဝိုင်းပိတ်ဆို့ထားတယ်” လို့ PLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိ ကန်ဒေါင့်ရဲစခန်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ထိခိုက်သေဆုံးမှုများပြီး သရက်ကန်ကျေးရွာကိုလည်း မီးရှို့ဖျက်စီးတာတွေ ပြုလုပ်နေတယ်လို့ ရဲဘော်နီနီကျော်က ပြောပါတယ်။

ကန်ဒေါင့်ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်မှာ PLA နဲ့ ပူးပေါင်းတပ်တွေဘက်က တိုက်ခိုက်သိမ်းနိုင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ တိုက်လေယာဥ်တစ်စီးကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ PLA ဘက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်ဘက်ကတော့ အဲဒီတိုက်လေယာဥ်ဟာ ပစ်ချခံရတာ မဟုတ်ဘဲ စက်ချွတ်ယွင်းမှုဖြစ်ပြီး ပျက်ကျသွားတာလို့ ထုတ်ပြန်ထားပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။