ဓာတ်ပုံ – Local

ပို့လဘား၊ ဩဂုတ် ၂ ရက်၊ ပင်လောင်း

ရှမ်းတောင် ပင်လောင်းမြို့နယ်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၂ ရက် မနက် ၁၁ နာရီမှာ ပင်လောင်းမြို့နယ် ထီဝါးလီရွာမှာ မိုးရွာသွန်းမှုကြောင့် ‌စာသင်ကျောင်းပေါ်ကို မြေပြိုမှုဖြစ်ပွားခဲ့ပြီး စာသင်ကျောင်းတစ်ခုလုံး ထိခိုက်ပျက်စီးသွားခဲ့ကာ ဒေသခံတစ်ချို့က ပင်လောင်းမြို့နဲ့ နီးစပ်ရာနေရာတွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ပြောပါတယ်။

“မိုးက နေ့တိုင်းရွာတယ် ဒီနေ့မနက်က မနားတော့ဘူး။မိုးတအားကြီးတယ်။ စာသင်ကျောင်းလည်း မရှိတော့ဘူး။ အကုန်လုံးပါသွားပြီ။ ကျောင်းသားတွေက အရင်ပြေးလို့ လွတ်သွားတယ်။ မနက်က မိုးကြီးတော့ ကျောင်းသားတွေက ဆရာမကိုပြောတယ်။ အိမ်ပြန်မယ်အိမ်ပြန်မယ်ဆိုပြီး မကြာဘူး မြေပြိုသွားတယ်။ ရေလဲကြီးတယ်။ အဲနားတစ်ဝိုက်က မနေရဲကြတော့ဘူး” လို့ ပြောပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီး ပင်လောင်းမြို့နယ်ရှိ ထီဝါးလီရွာနဲ့ ‌လွယ်မောင်းရွာက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာကို ရွှေ့ပြောင်းနေထိုင်ဖို့ အရေးပေါ်အကူအညီလိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပင်လောင်းမြို့ပေါ်မှာလည်း ရေကြီးရေလျှံမှုတွေဖြစ်ပြီး ချောင်းအနီးမှာရှိတဲ့ နေအိမ်တွေထဲ ရေဝင်ရောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်ကလည်း ပင်းတယမြို့နယ်မှာ မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး လူထိခိုက်သေဆုံးခဲ့တဲ့အပြင် လမ်း၊တံတားတွေလည်း ကျိုးကျပျက်စီးခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။