ဓာတ်ပုံ – Local

ရွှေဖီမြေ၊ ဩဂုတ် ၂ ရက်၊ ပဲခူး

ပဲခူးတိုင်း တောင်ငူခရိုင် ပဲခူးရိုးမအတွင်းရှိ ဆွာဆည် ရှင်းလင်းဆောင်မှာ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး ဗိုလ်ကြီး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မ‌‌တော် အမှတ်၂ စစ်ဆင်ရေးနယ်မြေက ဒီနေ့ ဩဂုတ်လ ၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပဲခူးရိုးမအတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်‌‌ဌာန၊ ဗျူဟာ(၂၁)၊ အမှတ်(၃၅၀၁)တပ်ရင်း နဲ့မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့- PIO/PIA တပ်ဖွဲ့၊ အရှ်ိုချင်းကာကွယ်ရေးတပ် -ACDFတို့က ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်မှာ ပူပေါင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်‌ကောင်စီတပ်ရဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦး အပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး လက်နက်ငယ် ၆ လက်၊ လက်နက်ငယ်ကျည်၊ စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ရဲ့ အထိုင်ချတပ်စွဲထားတဲ့နေရာတွေကို ရှင်းလင်းဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၅ ရက်ကလည်း ကျောက်ကြီးမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ် အမှတ်၂ စစ်ဆင်ရေးနယ်မြေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAတို့က စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခုကိုလည်း ပူပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။