ဓာတ်ပုံ – CJ

ပို့လဘား၊ ဇူလိုင် ၃၀ ရက်၊ ကွတ်ခိုင်

တအာင်းတပ်မတော်-PSLF/TNLA ထိန်းချုပ်ထားတဲ့ ကွတ်ခိုင်မြို့နယ်မှာ စစ်ကောာင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အလောင်း ၁လောင်းထပ်မံတွေ့ရှိလို့ သေဆုံးသူ ကလေး၁ ဦးအပါအဝင် ၆ ဦးထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဇူလိုင် ၃၀ ရက် မနက်အစောပိုင်း ၁ နာရီဝန်းကျင်မှာ ကွတ်ခိုင်မြို့ ရပ်ကွက်၂ မှာရှိတဲ့ ရာစုသစ် ဟိုတယ် ၂ကို စစ်ကောင်စီတပ်က ဂျက်‌ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံးနဲ့ ဟိုတယ်အဆောက်အဦးတချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။

“ဒီမနက် နောက်ထပ်အလောင်းတစ်လောင်းပြန်တွေ့တယ်။ ပျက်စီးသွားတဲ့ အဆောက်အဦးရဲ့ကြားမှာ ယောကျာ်းလေးအလောင်း ပြန်တွေ့တာ”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး ၁ဦး၊အမျိုးသား ၃ ဦး နဲ့ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ပြီး အသက် ၂၀ နှစ်အရွယ်ရှိတဲ့ ရမ်ကျင်ထွမ်၊ အသက် ၂၄ နှစ်ရှိတဲ့ ဆိုင်နူး၊ အသက်၂၆ နှစ်ရှိတဲ့မေရီဆန်၊ အသက် ၂၄ နှစ်ရှိတဲ့ သင်သင်အေး၊ အသက် ၂၀ နှစ်ရှိတဲ့ မရွယ်ဆိုင်၊ အသက် ၂၃ နှစ်ရှိတဲ့ ကိုရှောက်ဝမ်၊ အသက် ၃၂ နှစ်ရှိတဲ့ ကိုဖုန်းအောင်နဲ့ အသက် ၃၀ နှစ်ရှိတဲ့ ဦးသန်းထွန်းတို့က ထိခိုက်ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

မနေ့ ဇူလိုင် ၂၉ ရက်မှာလည်း မိုးကုတ်မြို့နဲ့ မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။