ဓာတ်ပုံ- Local

အိုက်ပွီး၊ ဇန်နဝါရီ ၃ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့မှာ တိုက်ပွဲ ဖြစ်လာမှာကို စိုးရိမ်တာကြောင့် ဒေသခံတွေဟာ ပစ္စည်းပြောင်းရွှေ့မှု လုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပစ္စည်းတွေကို ဒီဇင်ဘာ ၂၉ ရက်ကစလို့ တီးတိန်မြို့နယ်ထဲက လုံခြုံတဲ့ ကျေးရွာနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်ဘက် ပြောင်းရွှေ့နေကြတာ ဖြစ်ပါတယ်။

“လေးလံပြီး ပြောင်းရွှေ့ရခက်တဲ့ ပစ္စည်းတွေကို တိုက်ပွဲနဲ့ ကင်းလွတ်နိုင်တဲ့ ကျေးရွာတွေနဲ့ ဒေသတွေမှာ ရွှေ့နေကြတာပါ” လို့ တီးတိန်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မြို့ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်တဲ့ PDF-Zoland လှုပ်ရှားနယ်မြေဖြစ်သလို ချင်းညီနောင်ရဲ့ ထိုးစစ်ဆင်ဖို့ တစ်ခုတည်းသော ကျန်ရှိနေတဲ့မြို့လည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် ချင်းညီနောင်ဟာ တီးတိန်မြို့ကို အချိန်မရွေး ထိုးစစ် ဆင်လာနိုင်တာကြောင့် ဒေသခံတွေက တိုက်ပွဲမဖြစ်ခင် ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

“လောလောဆယ် လူတွေက အသက်ကြီးပိုင်း အဘိုးကြီး၊ အဘွားကြီးတွေကလွဲရင် တိမ်းရှောင်တာတွေ သိပ်မလုပ်သေးဘူး။ လူကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပြေးရလွယ်တယ်” လို့ တီးတိန်မြို့ခံ အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန် မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး ချင်းညီနောင်အဖွဲ့က တစ်စုံတစ်ရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။

ဒါပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က ပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက မြို့သိမ်းတိုက်ပွဲ ဆက်လက် အရှိန်မြင့်တင်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မေလ ၂၆ ရက်ကလည်း ချင်းညီနောင်အဖွဲ့က တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ကြပေမဲ့ မြို့ကို သိမ်းပိုက်နိုင်ခြင်း မရှိပါဘူး။

လက်ရှိမှာ ချင်းညီနောင်အဖွဲ့ရဲ့ ဖလမ်း မြို့သိမ်းတိုက်ပွဲလည်း ဆက်လက် ပြင်းထန်နေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

စစ်ကောင်စီတပ် မောင်းလာတဲ့ကားကို ပခုက္ကူ PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ရာ ကားထဲ လိုက်ပါလာတဲ့ စစ်သား ၄ ဦး သေဆုံး

မကွေးတိုင်း ပခုက္ကူမြို့ စက်မှုဇုန် ၁ လမ်းမှာ စစ်ကောင်စီတပ် မောင်းနှင်လာတဲ့ ကားတစ်စီးကို ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- Young Force UG က တိုက်ခိုက်ရာ ၄ ဦးစလုံး သေဆုံးခဲ့ကြောင်း Young Force UG ရဲ့ တာဝန်ရှိသူ ရဲ‌ဘော်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ နှစ်သစ်ကူးကာလမှာတင် စစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် ဗုံးကြဲ၊ အရပ်သား ထိခိုက်မှုရှိ

ကရင်နီပြည် ဒီးမော့ဆိုအနောက်ခြမ်းရှိ စစ်ရှောင်တွေ နေထိုင်တဲ့နေရာမှာ စစ်ကောင်စီတပ်က နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

တွင်းငယ်နဲ့ တကက ၁၃ တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို PLA နဲ့ TNLA က ဝိုင်းရံပိတ်ဆို့ထား၊ ထိတွေ့မှု ဆက်ရှိနေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တွင်းငယ်ရွာနဲ့ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်း အမှတ်(၁၃)တပ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA နဲ့ တအာင်းတပ်မတော်- TNLA က ဝိုင်းရံပိတ်ဆို့ထားတယ်လို့ PLA နဲ့ ရှေ့တန်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ပူတာအို မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ပစ်သတ်

ကချင်ပြည်နယ် ပူတာအိုမြို့နယ် မူလာဒီရွာခံတွေကို သတ်ဖြတ်နေတဲ့ ဆင်ရိုင်းကို ဒီနေ့ ဧပြီ ၂၁ ရက် နေ့လယ်ပိုင်းက ပစ်သတ်လိုက်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။