မိုင်းအရှိုင်း၊ ဇူလိုင် ၂၉ ရက်၊ မိုင်းလုံ
တအာင်းတပ် – PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲခရိုင်ထဲက မိုင်းလုံမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးထပ်ကြဲချပြီး ဒေသခံ ၁ ဦးသေဆုံးကာ ၅ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဇူလိုင် ၂၉ ရက် ညနေပိုင်း ၅ နာရီခွဲမှာ ပေါင် ၂၅၀ တစ်လုံးလာရောက် ကြဲချသွားခဲ့တာလို့ ဆိုပါတယ်။
“ပလောင်ကုန်းမှာ လာကြဲသွားတာ။ လူတစ်ယောက်သေတယ်။ ၅ ယောက်က ဒဏ်ရာရတယ်”
စစ်ကောင်စီတပ်ဟာ ဒီနေ့ဇူလိုင် ၂၉ ရက် မနက်ပိုင်းတုန်းကလည်း မိုးကုတ်မြို့အရှေ့ပိုင်းကို ၃ ကြိမ်တိုင် ဗုံးလာကြဲခဲ့ပြီး ဒေသခံ ၄ ဦးသေဆုံးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို သိမ်းပြီးနောက်ပိုင်း မိုးကုတ်နဲ့ ကျောက်မဲမြို့ကို ဆက်လက်ထိုးစစ်ဖို့ ပြင်ဆင်နေသလို TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို လေကြောင်းကနေလည်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်လျက်ရှိနေပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။