မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်းမှာ မိုးကုတ်မြို့နယ်က အထက်ညောင်ကုန်းနဲ့ အောက်ညောင်ကုန်းကျေးရွာက နေအိမ်အများအပြား ထိမှန်ပျက်စီးခဲ့ပါတယ်။
စစ်ဒဏ်အကြိမ်ကြိမ် သင့်ခဲ့ရတဲ့ ဒီကျေးရွာခံတွေဟာ နေရပ်ပြန်လာတာ ၁ နှစ်နီးပါး ရှိပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေးတွေ မလုပ်နိုင်သေးပါဘူး။
ဒေသတွင်းမှာ အလုပ်အကိုင်ရှားပါးတာနဲ့ တိုက်ပွဲထပ်ဖြစ်မှာကို စိုးရိမ်နေကြတာကြောင့် ကျေးရွာရဲ့ လူဦးရေ တစ်ဝက်ကျော်လောက်သာ နေရပ်ပြန်လာကြပါတယ်။
ဒီကျေးရွာရဲ့ အခြေအနေတွေကို ရွှေဖီမြေက မြေပြင်ကွင်းဆင်းပြီး ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။