ဓာတ်ပုံ – ဗန်းမော် Scout Team

မြတ်နိုး၊ ဇူလိုင် ၂၇

ရွှေကူကနေ ဗန်းမော်ဘက် ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုကို ငဘတ်ဝမှာ မနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ကချင်တပ်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ဖြတ်တိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်များထံမှ သိရပါတယ်။

“စစ်သင်္ဘောတွေ ရွှေကူကနေ ဗန်းမော်ဘက် မနေ့ ဇူလိုင် ၂၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တက်လာကြတာ။ ခြေလျင်တွေရော ပါတယ်။ အဲဒါကို လမ်းမှာ ဖြတ်တိုက်တယ်လို့ သိရတယ်” လို့ ရှေ့တန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ရွှေကူကနေ ထွက်လာတဲ့ စစ်သင်္ဘောအုပ်စုနဲ့ စစ်ကောင်စီခြေလျင်ကို ဇူလိုင် ၂၇ ရက် ညနေ ၅ နာရီခန့်က ငဘတ်ဝမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်တိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဘက် ရေကြောင်းရော ကုန်းကြောင်းပါ ပြန်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတွေက လတ်တလော ကချင်ပြည်နယ်ဘက် စစ်ကြောင်းတွေ ပိုပိုထိုးလာနေတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ရွှေကူကနေ စစ်ကောင်စီ စစ်သင်္ဘောတွေဟာအထက်ဘက် စတင်ထွက်ခွာလာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းတဲ့နေရာကို ရွှေ့ပြောင်းကြဖို့ ဗန်းမော် Scout Team က နှိုးဆော်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က မန္တလေး ဂေါဝိန်ဆိပ်ကနေ စစ်ကောင်စီရဲ့ စစ်သင်္ဘော ၂၇ စီးကို ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို စတင် ဆန်တက်လာခဲ့တာ ဖြစ်ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။