မိုင်းရူပ၊ ဇူလိုင် ၂၇ ရက်၊ ပန်ဆန်း
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်-UWSA ထိန်းချုပ်ထားတဲ့ ပန်ဆန်းမြို့မှာ သစ်ဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။
ဒီနေ့ ဇူလိုင် ၂၇ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ ပန်ဆန်းမြို့အဝင်မှာရှိတဲ့ သစ်ဂိုဒေါင်မှာ ဂတ်အိုးပေါက်ကွဲမှုဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ပန်ဆန်းမြို့ခံတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
“အဲမီးလောင်တဲ့ နေရာက ဂိုဒေါင်အသစ်၊ ဂတ်အိုးပေါက်ကွဲပြီး မီးလောင်သွားတာ။ ဒီနေ့က မီးလည်းလောင် မိုးလည်းကြီးနေတယ်” လို့ ဆိုပါတယ်။
မီးလောင်သွားတဲ့ ဂိုဒေါင်ကို ၂ နာကျော်ကြာ ငြိမ်းသတ်ခဲ့ရပြီး ပျက်စီးဆုံးရှုံးတန်ဖိုးကိုတော့ မသိရသေးပါဘူး။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။