ဓာတ်ပုံ- TEL’s Page

လွေးဇွန်မိုး၊ ဇန်နဝါရီ ၂ ရက်

တစ်နှစ်ကျော်ကာလအတွင်း တအာင်းပညာရေးထီကနေ တအာင်းဒေသအတွင်း စာသင်ကျောင်း ဖွင့်လှစ်ပေးနေတဲ့ တအာင်းပြည် ပညာရေးကောင်စီ- TLEC ရဲ့ ပညာရေး ရန်ပုံငွေအတွက် သိန်းပေါင်း ၁ သောင်း ၃ ထောင် ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။

TLEC ရဲ့ ပညာရေးရန်ပုံငွေအတွက် တအာင်းပညာရေးထီကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇွန်လမှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး တစ်လကို ပညာရေးအတွက် သိန်း ၅၀၀ ဝန်းကျင် ပုံမှန်ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ တအာင်းထီ စီမံခန့်ခွဲရေးအဖွဲ့ တာဝန်ရှိသူတားဆဲင်ငျံရ်က ပြောပါတယ်။

“ကျနော်တို့ ဒီတအာင်းပညာရေးထီက တစ်လတစ်လကို ထောက်ပံ့ပေးနိုင်တာက ဆုချပေးတဲ့အပြင် ရုံးအသုံးစရိတ် နှုတ်ပြီးဆိုရင် မှန်တော့ မမှန်ဘူးပေါ့နော် တချို့လဆိုရင် သိန်း ၄၀၀ ကျော် သိန်း ၄၀၀၊ ၅၀၀၊ ၆၀၀ အဲ​လိုတွေ အပ်ရပါတယ်”

၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း သိန်းပေါင်း ၇ ထောင်နဲ့ ၂၀၂၄ ခုနှစ်မှာ သိန်း ၆ ထောင် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထီတစ်စောင်ကို ၂ ထောင်ကျပ်နဲ့ ရောင်းချပြီး တအာင်းဒေသအတွင်းက မြို့နယ်တိုင်းမှာ သက်ဆိုင်ရာ ထီကိုယ်စားလှယ်တွေဆီကနေ ဝယ်ယူအားပေးနိုင်သလို အွန်လိုင်းကနေ ဝယ်ယူအားပေးချင်သူအနေနဲ့ Ta’ang Education Lottery Facebook Page မှာ ဝယ်ယူအားပေးနိုင်တယ်လို့ တားဆဲင်ငျံရ်က ဆက်ပြောပါတယ်။

“ကလေးတွေရဲ့ ပညာရေးအတွက် အဆင်ပြေအောင် ဖွံ့ဖြိုးတိုးတက်အောင် ကျောင်းဆရာဆရာမတွေ လစာ လိုတယ်။ အဲဒါကြောင့်မို့ ပံ့ပိုးပေးဖို့လည်း ပြောချင်ပါတယ်”

မနေ့ ဇန်နဝါရီ ၁ ရက်မှာ ဖွင့်တဲ့ ၁၉ ကြိမ်မြောက် တအာင်းပညာရေးထီရဲ့ အမြင့်ဆုံး သိန်း ၅၀၀ ဆုကို မန်တုံမြို့နယ်​ နားအော်ကျေးရွာအုပ်စု မန်စပ်ရွာမှ တားကွန်ကျန်သန်းက ဆွတ်ခူးခဲ့ပါတယ်။

တအာင်းပညာရေးထီကို အနိမ့်ဆုံး ၂ သိန်းဆုကနေ အမြင့်ဆုံး သိန်း ၅၀၀ ဆုအထိ လစဥ် ဆုပေါင်း ၅၉ ဆု ပေးအပ်နေပါတယ်။

TLEC ဟာ ရှမ်းမြောက်က မြို့နယ် ၁၀ မြို့နယ်မှာ ကျောင်းပေါင်း ၃၅၀ ကျော် ဖွင့်လှစ်ထားပြီး စေတနာ့ဝန်ထမ်း ကျောင်းဆရာ ဆရာမနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု- CDM မှာ ပါဝင်တဲ့ ဆရာ ဆရာမ အင်အား (၁,၆၀၀)ကျော်နဲ့ ပညာသင်ကြားပေးနေပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။