ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း

ယာရူစိင်၊ ဇူလိုင် ၂၆ ရက်၊ ပုလော

တနင်္သာရီတိုင်း ပုလောမြို့နယ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာတွေကြောင့် ဒေသခံ ၁၀ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ရွှေဖီမြေကို ပြောပါတယ်။

မနေ့ ဇူလိုင် ၂၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်မှာ ပုလောမြို့နယ် ဇရပ်ကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ အီနာဂါဗုံးသီး ၆ လုံးတွဲ ကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့တာကြောင့် ကူညီကယ်ဆယ်ရေးလုပ်နေစဉ် အတွင်းမှာပဲ စစ်ကောင်စီတပ်က ပါဒစက်တော်ရာ တောင်ပေါ်ကနေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ၉ ဦး ထပ်မံသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

“ဇရပ်ဆိပ်ကျေးရွာမှာ‌တော့ တိုက်ပွဲဖြစ်နေတာမျိုး မရှိဘူး။ ပထမတစ်ခေါက်မှာ ဒရုန်းဗုံးသီး ၆ လုံး ချတယ်။ ဒုတိယတစ်ခေါက်မှာ ၈၁ မမနဲ့ ပစ်တယ်။ အိမ်အလယ်တည့်တည့် ကျတယ်။ ပထမတစ်ခေါက်ထိတော့ ကယ်ဆယ်ရေးလုပ်ဖို့ မီးထွန်းတဲ့အချိန် မီးရောင်မြင်ပြီး လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်တာပါ” လို့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူတွေထဲမှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၈ ဦးဖြစ်ပြီး ဒဏ်ရာရရှိသွားသူတွေကတော့ အမျိုးသမီး ၁ ဦးနဲ့ အမျိုးသား ၄ ဦး ဖြစ်ပါတယ်။

ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တာကြောင့် မိဘပြည်သူတွေအနေနဲ့ ဗုံးခိုကျင်းတွေကို စနစ်တကျ တူးထားဖို့ အရေးကြီးပြီး တိုက်ပွဲအတွင်းရှိ ပြည်သူတွေအနေနဲ့လည်း ဘေးလွတ်ရာသို့ အမြန်ဆုံး ထွက်ခွါပေးဖို့ကိုလည်း မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက် မနက် ၁၀ နာရီမှာလည်း ပုလောမြို့နယ် မိမ္မမြို့ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။