ပို့လဘား၊ ဇူလိုင် ၂၅ ရက်၊ မန်ဝိန်း

ကွတ်ခိုင်မြို့နယ် မန်ဝိန်းကျေးရွာမှာ ဒေသခံတစ်ဦးကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ရင်းမှူးက ပစ်သတ်ခဲ့ပြီး အဲကိစ္စကို အရေးယူဖို့ ဒေသခံတွေ တောင်းဆိုပေမယ့် လက်ရှိအချိန်ထိ အရေးယူပေးတာ မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတွေက အဲဒီတပ်ရင်းမှုးကို အရေးယူအပြစ်ပေးဖို့ တောင်းဆိုထားတာဖြစ်ပြီး အဲဒီကိစ္စဖြစ်စဉ်ကို စုံစမ်းဖော်ထုတ်အရေးယူမှာဖြစ်ကြောင်း SSPP က ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

“အခုချိန် ဘာမှဖြေရှင်းပေးတာ မရှိသေးဘူး။ သူတို့က ဟိုရှောင်ဒီရှောင်လုပ်နေတာ။ ရွာသားတွေက သူတို့ရုံးအထိတောင် သွားတယ်။ သူဘယ်ရောက်မှန်း မသိတော့ဘူး။ သူ့တပည့်တွေ ပြောတာတော့ ရွာမာသူလာမယ်တဲ့။ ဒါပေမယ့် အခုထိလာတာမရှိသေးဘူး” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီ SSPP ရဲ့ အမှတ် ၁၈၀ တပ်ရင်းမှူး အရာရှိဖြစ်သူ စိုင်းစိန္နက အသက် ၃၃ နှစ်အရွယ်ရှိတဲ့ စိုင်းဆမ်ထွန်းဆိုသူကို ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက် ည ၁၀ နာရီခွဲမှာ ဖမ်းဆီး‌ခေါ်ဆောင်သွားပြီး မိန်းဝိန်းကျေးရွာကနေ ထွက်လာနေတဲ့အချိန်မှာ စိုင်းဆမ်ထွန်းက ကားပေါ်ကနေ ခုန်ချထွက်ပြေးသွားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

“သူတို့ အင်အား၂၀ နဲ့ မိုင်းယားကနေ ကား ၂ စီးနဲ့ စီးလာပြီး သူ့ကိုခေါ်သွားတယ်။ လယ်ကွက်ရောက်တဲ့အချိန်မှာ သူကကားပေါ်ကနေ ထွက်ပြေးတယ်။ ထွက်ပြေးတော့ အဲဒီတပ်ရင်းမှူးက သူ့ရင်ဘတ်နဲ့ ခြေထောက်ကို သေနတ်နဲ့ ပစ်လိုက်တာ” လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်မှာ ပန်ဆိုင်းမြို့ဘက်က SSPPရဲ့ တာဝန်ရှိသူတွေက မန့်ဝိန်းကျေးရွာက ဒေသခံတွေကို လာရောက်တွေဆုံပြီး အဆိုပါကိစ္စကို ဖြေရှင်းပေးခဲ့ပေမယ့် ဒေသခံတွေအနေနဲ့ ကျေနပ်မှုမရှိကြသေးပါဘူး။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။