ဓာတ်ပုံ- Local

ပို့လဘား၊ ဇန်နဝါရီ ၂ ရက်၊ သိန္နီ

ကိုးကန့်တပ်မတော်- MNDAA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သိန္နီမြို့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မနေ့ ဇန်နဝါရီ ၁ ရက် ည ၁၁ နာရီခွဲမှာ သိန္နီမြို့ ရပ်ကွက် ၃ ရှိ သိန္နီဟိုတယ်အနီး လေကြောင်းကနေ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

မြို့ခံအမျိုးသားတစ်ဦးက “သိန္နီဟိုတယ်ကို ကြဲတယ်။ ဟိုတယ်ကိုတော့ မထိဘူး။ ဟိုတယ်ဘေးက အိမ်တွေ ထိတယ်။ နှစ်အိမ် သုံးအိမ် ထိထားတယ်” လို့ ပြောပါတယ်။

ဗုံး ကျရောက်ပေါက်ကွဲမှုမှာ သိန္နီဟိုတယ်အနီးမှာရှိတဲ့ နေအိမ်တစ်အိမ်ပေါ် ကျကွဲပြီး နေအိမ်တစ်လုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ ပြောတယ်။

သိန္နီမြို့ကို ပြီးခဲ့တဲ့ ၂ဝ၂၄ ဇန်နဝါရီ လဆန်းပိုင်းမှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

သိန္နီမြို့ကို သိမ်းပိုက်ပြီးနောက် ၂ဝ၂၄ ဩဂုတ်ကနေ မနေ့ ဇန်နဝါရီ ၁ ရက်အထိ ရွှေဖီမြေက ပြုစုထားတဲ့ စာရင်းအရ လေကြောင်းကနေ ၅ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁၈ ဦး သေဆုံးပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။