ဓာတ်ပုံ- Local

ရဲမာန်၊ ဇူလိုင် ၂၂ ရက်၊ ဖားကန့်

ဖားကန့်မြို့မှာ ကားလမ်း ပိတ်ဆို့မှုကြောင့် ကုန်စည်ဈေးနှုန်း မြှင့်တက်လာပြီး အခက်အခဲ ကြုံနေရတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ဖားကန့်မြို့ရဲ့ အဓိက ကုန်သွယ်ရေးလမ်းကြောင်း ၂ ခုဖြစ်တဲ့ မိုးကောင်း-ကာမိုင်းလမ်းကို ၂ လ ကျော် ပိတ်ဆို့ထားပြီး ဖားကန့်-အင်းတော်လမ်းကိုတော့ ပိတ်ထားတာ ရက်ပိုင်းဘဲ ရှိသေးတာလို့ ၎င်းက ပြောပါတယ်။

“ကုန်ဈေးနှုန်း တက်တယ်ကွာ ကုန်တွေ အဝင်အထွက် ပိတ်ထားတယ်။ လူထုတွေက ဘာဖြစ်သွားလဲဆိုတော့ ပိုက်ဆံ ရှိတောင်မှ ကျန်းမာရေးအတွက်လည်း အဆင်မပြေ။ စားဖို့သောက်ဖို့အတွက်လည်း အဆင်‌မပြေတော့ဘူးလေ။ အကုန်ဒုက္ခရောက်သွားတာပေါ့။ ဒုက္ခ ဒုက္ခ အကြီးအကျယ်ကို ရောက်သွားတာပေါ့”

လမ်းပိုင်းကို ဘယ်အဖွဲ့က ပိတ်ထားလဲဆိုတာကိုတော့ အတိအကျ မ‌သိ‌ပေမဲ့ စစ်ကောင်စီတပ် ဖွင့်ရင် ကချင်တပ်မတော်- KIA ဘက်က ပိတ်ဆို့ထားပြီး KIA က ဖွင့်ရင် စစ်တပ်က ပိတ်ဆို့ထားတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

ဖားကန့်မြို့ရဲ့ စားသောက်ကုန်ဈေးနှုန်းဟာ ဆန်မာ ၂၄၀,၀၀၀ ကျပ်၊ ချင်းတုံးဆန် ၁၇၀,၀၀၀ ကျပ်၊ ပဲဆီ တစ်ပုံး ၂၈၀,၀၀၀ ကျပ်၊ ကြက်သား တစ်ပိဿာ ၁ သိန်း၊ ငါး ၈ သောင်း၊ ဝက်သား ၆ သောင်း၊ ခရမ်းချဉ်သီး ၃ သောင်းနဲ့ အာလူး ၈ ထောင်ဖြစ်ပြီး တခြား‌ စားသောက်ကုန်ကလည်း အလားတူ ဈေးမြှင့်တက်နေတယ်လို့ သူက ပြောပါတယ်။

ဖားကန့်မြို့မှာ ကြက်သား၊ ဝက်သားနဲ့ ငါးဈေးနှုန်းတွေ မြှင့်တက်နေသလို ရောင်းစရာ မရှိတဲ့အပြင် ကွမ်းယာဆိုင်ကလည်း အကုန်ပိတ်ထားရတယ်လို့ အထက်ပါ အမျိုးသားက ပြောပါတယ်။

“ရှာစားဖို့လဲမလွယ် အစစအရာရာ အကုန်ခက်ခဲ‌တာပေါ့။ ပိုက်ဆံ မရှိတော့ မဝယ်စားဘူးပေါ့။ ဖြစ်သလိုဘဲ စားနေရတာပေါ့” ဆိုပြီး နောက်ထပ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ဖားကန့်မြို့ရဲ့ ကုန်စည်ဈေးနှုန်း မြှင့်တက်မှုဟာ အရင်နှစ်က အခုလို မကြုံခဲ့ဖူးဘဲ ဒီနှစ်မှသာ စံချိန်တင် မြှင့်တက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။