ဓားပြတိုက်သူလက်ထဲ ပါသွားတဲ့ ကား

ယာရူစိင်း၊ ဇန်နဝါရီ ၁ ရက်၊ သီပေါ

ရှမ်းမြောက် သီပေါမြို့နယ် ကျင်သီရွာသို့သွားတဲ့လမ်းမှာ အမျိုးသားတစ်ဦး ဓားပြ တိုက်ခံရပြီး ကားနဲ့ ဖုန်း၊ ငွေသားတွေ ပါသွားပါတယ်။

ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်က ပြည်ပသို့ ရောက်နေတဲ့ သား‌ဖြစ်သူနဲ့ အဆက်အသွယ်ရဖို့ အင်တာနက်လိုင်းရှိရာ ကျင်တီရွာသို့သွားစဉ် ဓားပြတိုက်ခံရတာလို့ နီးစပ်သူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“မြို့ထဲမှာ လိုင်းမရတော့လေ ကျင်သီဘက်ကို သွားတာပေါ့။ သူ့သား မွေးနေ့မှာ Video call ပြောချင်လို့ ကျင်သီဘက်ကို သွားလိုက်တာပါ။ အစ်ကိုဆုံးတာ နှစ်လပြည့်လည်းဟုတ်တော့ ဆွမ်းကပ်ဖို့အတွက် ဈေးဝယ်ပြီးတော့ မြို့ထဲကနေ ကျင်သီရွာဖက်ကို သွားတာပါ။ ယူလာတဲ့ ငွေသားအနည်းငယ်၊ ဖုန်း ၂ လုံးနဲ့ ကားပေါ့ ဓားပြတွေ ယူသွားတာပါ”

ဆိုင်ကယ် စီးလာတဲ့ အမျိုးသားနှစ်ဦးဟာ ကားနောက်လိုက်ပြီး ကားကို တားတဲ့အချိန်မှာ အကူအညီ လိုတယ်ထင်ပြီး ဦးလေးဖြစ်သူဟာ ရပ်ပေးလိုက်ရာကနေ ဓားပြ တိုက်ခံရတာလို့ ၎င်းက ဆက်ပြောပါတယ်။

“ရပ်ပေးလိုက်တဲ့အချိန်မှာဘဲ သူတို့က သေနတ် ချိန်ပြီးတော့မှာ ကားကို ယူသွားမယ်ဆိုပြီး ဘာညာပြောတာပေါ့နော်။ ဦးလေးကလည်း အဲအတိုင်းဘဲ အသာတကြည် ပေးလိုက်တာပေါ့နော်။ အသက်မပါတာတော့ ကံကောင်းတာပေါ့။ ဖြစ်စဉ်ကိုတော့ အဲလောက်ဘဲ ပြောပြထားတာပါ။ အခုချိန်ထိ ဦးလေးတို့က လိုက်ရှာနေကြတယ် မတွေ့သေးပါဘူး”

သီပေါမြို့ကို တအာင်းတပ်မတော်- PSLF/TNLA နဲ့ ပူးပေါင်းတပ်က ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်နေတာပဲ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက်ကလည်း စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ မူဆယ်မြို့မှာ CROWN ကား စီးလာတဲ့ တရုတ်အမျိုးသားနှစ်ဦးက လမ်းဘေး အကြော်သည်တစ်ဦးကို ဓားပြတိုက်တဲ့ဖြစ်စဉ်လည်း ရှိခဲ့ဖူးပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။